ရုရှက ရေနံမှ မဟုတ်သော အခွန်ဘဏ္ဍာ လိုငွေပြခြင်းကို ရူဘယ်ငွေ ၁ ထရီလီယံ ချေးငှားပြီး ဖာထေးရန် လို

ရုရှက ရေနံမှ မဟုတ်သော အခွန်ဘဏ္ဍာ လိုငွေပြခြင်းကို ရူဘယ်ငွေ ၁ ထရီလီယံ ချေးငှားပြီး ဖာထေးရန် လို

ဧပြီ ၂၆

ရုရှနိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ မဟုတ်သော အခွန်ဘဏ္ဍာ လိုငွေပြခြင်းကို ဖာထေးရန် ယခုနှစ်၌ နောက်ထပ် ရူဘယ်ငွေ ၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄၄ ဘီလီယံ) ချေးငှားရန် လိုလိမ့်မည်ဟု ဘဏ္ဍာရေးဝန်ကြီး အန်တွန်ဆီလူအန်နော့ဗ်က ဧပြီ ၂၅ ရက်က ပြောကြောင်း Interfax သတင်းဌာနက ဖော်ပြသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ရသော အခွန်ဘဏ္ဍာတွင် လိုငွေပြနေခြင်းအား ဖာထေးနိုင်ရန်အတွက် ရုရှ အမျိုးသားဓနဥစ္စာရန်ပုံငွေမှ ရူဘယ် ၂ ထရီလီယံ တိုက်ရိုက်ချေးငှားဖြစ်ဖွယ်ရှိသည်ဟုလည်း နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ချက်တစ်ရပ်တွင် ဝန်ကြီးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly