ဂျော်ဂျင်ဟိုပို့ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မက်ဆေ့ချ်တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေး

ဂျော်ဂျင်ဟိုပို့ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ မက်ဆေ့ချ်တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေး

ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ရုတ်တရက်ကြည့်လိုက်ရင်တော့ ရိုးရိုးအေးအေး ပုံစံနဲ့ ဘောလုံးသမားတစ်ယောက်လို့ ထင်ရမှာပါ။ သူက ဘောလုံးကွင်းထဲမှာ သွေးအေးအေးနဲ့ ကစားတတ်တဲ့ ဘောလုံးသမားမျိုးဖြစ်ပြီး သူ့ရဲ့နေထိုင်ပုံနဲ့ ပတ်သက်လို့လည်း ကြွားကြွားဝါ၀ါ မလုပ်တတ်တဲ့ ကစားသမားတစ်ယောက်ပါ။

ဒါပေမယ့် သူက  လိင်ပိုင်းဆိုင်ရာမှာတော့ အားနည်းချက်ရှိပုံပေါ်ပါတယ်။ ချယ်လ်ဆီးအသင်းကို ဂျော်ဂျင်ဟို ရောက်ကာစက အသင်းမှာ အီတလီစကား ပြောဆိုဖို့ ခက်ခဲခဲ့တာကြောင့် ချယ်လ်ဆီးအသင်းမှာ အလုပ်လုပ်နေတဲ့ အီလီဆာဆိုတဲ့ မိန်းကလေးကို စကားပြန်လုပ်ပေးဖို့ အကူအညီတောင်းခဲ့ဖူးပါတယ်။

အီလီဆာက အီတလီသွေးတစ်ဝက်၊ သီရိလင်္ကာသွေးတစ်ဝက် ပါသူဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်နေသူပါ။ သူက ဂျော်ဂျင်ဟိုရဲ့ အကူအညီတောင်းမှုကို လက်ခံခဲ့ပြီး တစ်လ နှစ်လ လောက် ဂျော်ဂျင်ဟိုကို စကားပြန်အဖြစ် ကူညီပေးခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်က ပိုပြီး ရင်းနှီးလာခဲ့တာပါ။

တကယ်တော့ အီလီဆာမှာ ချစ်သူ ရှိပါတယ်။ သူမရဲ့ ချစ်သူက အာရွန် ဟုချ်လို့ခေါ်ပြီး သူတို့ တွဲလာခဲ့တာ (၄)နှစ်ကြာခဲ့ပါပြီ။ သူတို့နှစ်ယောက်က အားလပ်ရက်မှာ သီရိလင်္ကာနိုင်ငံဆီ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားခဲ့ပြီး အဲဒီ ခရီးမထွက်ခင် တစ်လ အလိုမှာ ပြဿနာဖြစ်ခဲ့ကြတာပါ။

တစ်နေ့မှာတော့ အယ်လီဆာနဲ့ အာရွန်တို့ အတူရှိနေတုန်း ညဖက်မှာ အယ်လီဆာရဲ့ iPad ထဲကို မက်ဆေ့ချ်တွေ ဝင်လာတာကို အာရွန် သတိထားမိခဲ့ပါတယ်။ အဲဒီအချိန်မှာ အယ်လီဆာက ရေချိုးခန်းထဲမှာ ရှိနေခဲ့တာဖြစ်ပြီး အဲဒီမက်ဆေ့ချ်တွေကို အာရွန် တွေ့သွားခဲ့တာပါပဲ။

ဒီမက်ဆေ့ချ်တွေက ဂျော်ဂျင်ဟို ပို့လိုက်တဲ့ မက်ဆေ့ချ်တွေဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ မက်ဆေ့ချ်တွေမို့ အာရွန် တစ်ယောက် ပေါက်ကွဲသွားခဲ့တာပါ။

ဂျော်ဂျင်ဟိုရဲ့ မေးခွန်းထဲမှာ လိင်ကိစ္စကို ကြမ်းတမ်းတဲ့ ပုံစံကြိုက်လား၊ ဒါမှမဟုတ် နူးနူးညံ့ညံ့လေးကြိုက်လားလို့ မေးခဲ့ပြီး အယ်လီဆာက ကြမ်းတမ်းတဲ့ ပုံစံကို ကြိုက်တဲ့အကြောင်း ပြန်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အယ်လီဆာက ဂျော်ဂျင်ဟိုကို နှင်းဆီပန်း အနီနဲ့အဝါ ဘာအရောင်ကြိုက်လဲလို့ မေးခဲ့ပြီး ဂျော်ဂျင်ဟိုက အနီရောင်ကြိုက်ကြောင်းနဲ့ ဘာကြောင့် မေးရကြောင်း ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ အယ်လီဆာက သူမရဲ့ ပုခုံးမှာ နှင်းဆီအနီရောင် တက်တူးတစ်ခု ရှိကြောင်း ပြန်လည်ဖြေကြားထားတာတွေကို အာရွန် တွေ့သွားခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက် စကားများခဲ့ကြပြီး (၄)နှစ်ကြာတဲ့ ဆက်ဆံရေးလည်း အဆုံးသတ်သွားတော့တာပါပဲ။

အာရွန်နဲ့ အယ်လီဆာတို့ဟာ ပို့စ်မောက်တက္ကသိုလ်မှာ ဆုံစည်းခဲ့ကြသူတွေဖြစ်ပြီး သီရိလင်္ကာခရီးစဉ်မှာ လက်ထပ်ခွင့်တောင်းဖို့အထိ အာရွန်က စီစဉ်ထားခဲ့တာပါ။

ဒါပေမယ့် ဂျော်ဂျင်ဟိုရဲ့ ကြားဝင်မှုကြောင့် သူတို့ရဲ့ (၄)နှစ်တာ အချစ်ခရီးက ပြီးဆုံးသွားခဲ့လို့ အာရွန်က အဲဒီအကြောင်းကို မီဒီယာတွေဆီ ဖွင့်ချခဲ့တာပါပဲ။

တကယ်တော့ ဂျော်ဂျင်ဟိုမှာလည်း ဇနီးသည်ရှိပြီး ပြီးခဲ့တဲ့ (၃)နှစ်တုန်းက လက်ထပ်ခဲ့ကြတာပါ။ သူတို့မှာ ရင်သွေးနှစ်ယောက်လည်းရှိပြီး ဂျော်ဂျင်ဟိုအနေနဲ့ အဲဒီကိစ္စကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly