Blackpink က ဂျင်းနီကိုတောင် ကြွေအောင်လုပ်နိုင်တဲ့ ဘက်ခမ်ကြီးရဲ့ဗီဒီယို ပြန်နာမည်ကြီးနေ

Blackpink က ဂျင်းနီကိုတောင် ကြွေအောင်လုပ်နိုင်တဲ့ ဘက်ခမ်ကြီးရဲ့ဗီဒီယို ပြန်နာမည်ကြီးနေ
Photo: Twitter @  BLACKPINK FRANCE

ဘောလုံးသမားဘဝမှာ မိန်းကလေးတွေ သဘောအကျရဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်ကြီးကတော့ အသက် ၄၄ နှစ်အရွယ် ရောက်လာခဲ့တာတောင် မိန်းကလေးတွေကို ဆွဲဆောင်နေနိုင်ဆဲပါပဲ။

ဇနီးသည် ဗစ်တိုးရီးယားနဲ့ ရင်သွေး (၄)ယောက် ရပြီဖြစ်ပေမယ့်လည်း ဘက်ခမ် ရဲ့ ယောကျင်္ားပီသမှုတွေ၊ ဆွဲဆောင်မှုတွေက အခုအချိန်အထိ ကျန်ရှိနေတုန်းပါ။

သူက ပိုပြီး ရင့်ကျက်တဲ့ပုံစံနဲ့ လူကြီးလူကောင်း ပိုဆန်လာပြီး အဲဒီပုံစံကပဲ သူ့ကို ဆွဲဆောင်မှု ပိုရှိသူ တစ်ယောက်အဖြစ် ပြောင်းလဲလာစေတာပါ။

ဆိုရှယ်မီဒီယာပေါ်မှာ ဒေးဗစ်ဘက်ခမ် တစ်ယောက် ကိုရီးယားရဲ့နာမည်ကျော် ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BlackPink နဲ့ တွေ့ဆုံခဲ့တဲ့ ဗီဒီယိုလေးက ပြန်ပြီး နာမည်ကြီးနေခဲ့ပါတယ်။ သူတို့က ၂၀၁၉၊ အောက်တိုဘာလမှာ တွေ့ဆုံခဲ့တာဖြစ်ပေမယ့်လည်း BlackPink ရဲ့ ဂျင်းနီ တစ်ယောက် ဘက်ခမ်ကြီးကို ကြွေနေတဲ့အကြည့်နဲ့ ကြည့်လိုက်တဲ့ ဗီဒီယိုလေးဆိုပြီး တွစ်တာပေါ်မှာရော၊ ဖေ့ဘုတ်ပေါ်မှာပါ ပြန်ပြီး နာမည်ကြီးနေခဲ့တာပါ။

တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ Adidas ရဲ့ ပရိုမိုးရှင်းပွဲတစ်ခုမှာ BlackPink အဖွဲ့နဲ့အတူ တက်ရောက်ဖို့အတွက် ဘက်ခမ်ကို တကူးတက ခေါ်ယူခဲ့တာဖြစ်ပြီး CL ၊ မီနို စတဲ့ တောင်ကိုရီးယားရဲ့ အကျော်အမော်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများနေတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဂျင်းနီက သူ့ကိုကြည့်နေတဲ့ ဒေးဗစ်ဘက်ခမ်ကို အပြုံးလေးနဲ့ ပြန်ကြည့်နေတာကို တွေ့ရမှာဖြစ်ပြီး သူမရဲ့အကြည့်ကို ကြည့်ရတာ ဘက်ခမ်ကြီးကို ကြွေနေသလိုပဲ လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ဘက်ခမ်ကတော့ အဲဒီပွဲမှာ BalckPink ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး သူတို့အဖွဲ့ဟာ ထူးခြားပြီး အရည်အသွေးအပြည့်ရှိတဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ မျိုးဆက်သစ်မိန်းကလေးတွေအနေနဲ့ ဒီလိုမျိုး ပြုလုပ်နိုင်တာဟာ တခြားလူငယ်တွေကို အားကျစေမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဘက်ခမ်ကြီး စကားပြောနေချိန်မှာလည်း ဂျင်းနီက သူ့ကို ငေးကြည့်နေခဲ့ပြီး ပရိသတ်တွေကတော့ ဘက်ခမ်ရဲ့ အသက်အရွယ်ဟာ မိန်းကလေးတွေကို ဆွဲဆောင်ဖို့ အကောင်းဆုံး အသက်အရွယ်ပဲလို့လည်း မှတ်ချက်တွေ ပေးခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly