အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံ တရုတ်အပေါ် အမြင်မကြည်

အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံ တရုတ်အပေါ် အမြင်မကြည်

ဧပြီ ၂၃

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း တရုတ်အပေါ် အမြင်မကြည်သည့် အမေရိကန်နိုင်ငံသားဦးရေသည် တိုးများလာခဲ့သည်။

ပြီးခဲ့သည့်လက Pew Research Center မှ ကောက်ယူသော စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၆၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံအပေါ် မကောင်းရှုမြင်သည့် သဘောထားများရှိကြောင်း ဖော်ပြထားသည်။

Pew စင်တာက ၂၀၀၅  ခုနှစ်ကစတင်ပြီး တရုတ်နှင့်ပတ်သက်သော သဘောထားစစ်တမ်း ကောက်ယူချိန်မှစကာ ယခု တရုတ်အပေါ် မနှစ်မြို့သည့် ဦးရေနှုန်းထားသည် အမြင့်ဆုံးပဲ ဖြစ်သည်။

၂၀၁၁ ခုနှစ်က နှုန်းထားနှင့် နှိုင်းယှဉ်မည်ဆိုပါက ယင်းအချိန်က တရုတ်ကို မလိုလားသော အမြင်ရှိသည့် အမေရိကန်ဦးရေသည် ၃၆ ရာခိုင်နှုန်းသာ ရှိသည်။

ယခု ကောက်ယူသည့် စစ်တမ်းအသစ်ပါ အချို့သော အချက်များမှာ-

  • ရီပတ်ဘရီကန်နှင့် သက်ကြီးပိုင်း အမေရိကန်များက တရုတ်ကို ပို၍ မလိုလားသော သဘောထား ဆက်လက်ရှိနေပြီး အရွယ်စုံနှင့် နိုင်ငံရေးအလွှာကြားတွင်လည်း တရုတ်ကို မလိုလားသည့် အမြင်များ မြင့်တက်လာကြောင်း။
  • နိုင်ငံသား ၆၂ ရာခိုင်နှုန်းသည် တရုတ်၏ ပါဝါနှင့် ဩဇာလွှမ်းမိုးမှုကို အဓိကခြိမ်းခြောက်မှုကြီးအဖြစ် ရှုမြင်ကြောင်း။
  • ၇၁ ရာခိုင်နှုန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယုံကြည်မှုမရှိဟု ဆိုကြောင်း။
  • အမေရိကန်တို့သည် ကုန်သွယ်ရေးလိုငွေပြခြင်၊ အလုပ်ဆုံးရှုံးခြင်းနှင့် စစ်ရေးအင်အားတို့ထက် သဘာဝပတ်ဝန်းကျင်နှင့် ဆိုင်ဘာတိုက်ခိုက်မှုများတွင် တရုတ်၏ လက်ချက်များအပေါ် ပို၍စိုးရိမ်ကြကြောင်း ဖော်ပြထားသည်။
  • COVID-19 ကပ်ဘေးသည် ထိုသို့ တရုတ်အပေါ် အမြင်မကြည်မှု သဘောထားကို ထပ်လောင်းအားဖြည့်လိမ့်မည်မှာ သံသယ ရှိစရာ မလိုသော်လည်း မကြာသေးခင် နှစ်များအတွင်း တရုတ်၏ ပုံမှန်ကြီးထွားလာမှုကို အမေရိကန်များက သဘောမကျကြပေ။

အထူးသဖြင့် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တက်လာပြီး ကုန်သွယ်စစ်ခင်းသည့်ကြားမှ ကြီးထွားလာခြင်းနှင့် ပြည်တွင်း၌ သဘောထားကွဲလွဲသူများကို ဖိနှိပ်ပြီး ပြည်ပတွင် ခွန်အားကြီးထွားလာအောင် တည်ဆောက်ခြင်းများအတွက် တရုတ်နိုင်ငံအပေါ် မနှစ်မြို့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required