အမေရိကန်တွင် ပထမဆုံးအဖြစ် အိမ်မွေးကြောင်နှစ်ကောင်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်

အမေရိကန်တွင် ပထမဆုံးအဖြစ် အိမ်မွေးကြောင်နှစ်ကောင်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်

ဧပြီ ၂၃

နယူးယောက်တွင် အိမ်မွေးကြောင်နှစ်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြောသည်။

ကြောင်နှစ်ကောင်စလုံးတွင် အပျော့စား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများသာ ပြသပြီး လုံးလုံးသက်သာ ပျောက်ကင်းလိမ့်မည်ဟု မျှော်လင့်ထားသည်။

“ယခုဖြစ်စဉ်မှာ အမေရိကန်၌ ပထမဆုံး အိမ်မွေးတိရစ္ဆာန်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခြင်း ဖြစ်ကြောင်း။” အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာနှင့် ဧပြီ ၂၂ ရက်က ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမေရိကန်တွင် အိမ်မွေးတိရစ္ဆာန်များကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သည့် သက်သေမရှိကြောင်း အဆိုပါ ဌာနနှစ်ရပ်စလုံးက အလေးအနက် ပြောသည်။ “တိရစ္ဆနာန်တွေနဲ့ အဖော်ပြုတာကို ဆန့်ကျင်တားမြစ်ချက်တွေ ထုတ်ဖို့ဆိုတာ ကျိုးကြောင်းဆီလျော်မှု မရှိဘူး။”ဟု ၎င်းတို့က ဆိုသည်။

အဆိုပါ အိမ်မွေးကြောင်နှစ်ကောင်စလုံးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသပြီးနောက် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိခြင်း ဖြစ်သည်ဟု ၎င်းဌာနနှစ်ရပ်အရ သိရသည်။ နယူးယောက်တွင် ခြင်္သေ့ တစ်ကောင်နှင့် ကျားတစ်ကောင်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းကို ယခင်က စစ်ဆေးအတည်ပြုထားသည်။

ယခု ကူးစကျခံရသညျ့ ပထမကွောငျတှငျ အပြော့စား အသကျရှူလမျးကွောငျးဆိုငျရာလက်ခဏာများ ပြသပြီးနောက် တိရစ္ဆာန်ကုဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးခဲ့ခြင်းဖြစ်သော်လည်း ကြောင်ပိုင်ရှင် အိမ်တွင် မည်သူတစ်ဦးတစ်ယောက်မှ ဗိုင်းရပ်စ်ကူးစက်ထားသည်ကို မတွေ့ရှိရကြောင်း သိရသည်။

ဖြစ်နိုင်သည်မှာ ယင်းကြောင်က အိမ်ပြင်ဖက်တွင် တစ်ဦးတစ်ယောက်ယောက်ထံမှ ကူးစက်လာခြင်း ဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။

နယူးယောက်ရှိ အခြားတစ်နေရာမှ ဒုတိယမြောက် ကြောင်တွင်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသပြီးနောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကြောင်ပိုင်ရှင်၌ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိပြီးမှ ယင်း ကြောင်သည် နာမကျန်းဖြစ်သည့် လက္ခဏာများ ပြသလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အိမ်မှ အခြား ကြောင်တစ်ကောင်တွင်မူ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းနှင့် နာမကျန်းဖြစ်ခြင်း လက္ခဏာများ မတွေ့ရကြောင်း CNN သတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required