မော်ရင်ဟိုအား ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် မိုနာကိုအသင်း၏ ကမ်းလှမ်းမှုကို ချယ်လ်ဆီးပယ်ချ

မော်ရင်ဟိုအား ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် မိုနာကိုအသင်း၏ ကမ်းလှမ်းမှုကို ချယ်လ်ဆီးပယ်ချ

လန်ဒန်၊ နိုဝင်ဘာ ၄ ။            ။ နည်းပြမော်ရင်ဟိုကို ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် မိုနာကိုအသင်းက ကမ်းလှမ်းခဲ့မှုအား ချယ်လ်ဆီးအသင်းဘက်မှ ပယ်ချလိုက်သည်ဟု မိုနာကိုအသင်း၏ရှယ်ယာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

မိုနာကိုအသင်းက မော်ရင်ဟိုကို ပေါင် ၃၅ သန်း(ယူရိုသန်း ၅၀)ဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်က ပေါင် ၇၁ သန်း (ယူရိုသန်း ၁၀၀)တောင်းဆိုခဲ့သည်။

မိုနာကိုအသင်း၏ ရှယ်ယာရှင်တစ်ဦးဖြစ်သော အီတလီစီးပွားရေးလုပ်ငန်းရှင် အလက်ဇန်ဒရိုပရိုတိုသည် လန်ဒန်မြို့တွင် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်နှင့်   တွေ့ဆုံခဲ့ပြီး မော်ရင်ဟိုကိုခေါ်ယူရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

'ကျွန်တော်တို့က မော်ရင်ဟိုကို ပြောင်းရွှေ့ကြေးယူရိုသန်း ၅၀ နဲ့ ချက်ချင်းခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးဘက်က ယူရိုသန်း ၁၀၀ တောင်းဆိုခဲ့ပါတယ်' အလက်ဇန်ဒရိုပရိုတိုက ပြောသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်က မော်ရင်ဟိုသည် ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်သည့်အတွက် ထိုကဲ့သို့တောင်းဆိုခြင်းဖြစ်ကြောင်း ပရိုတိုက ဆိုသည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် အလွန်ဆိုးရွားသည့် ရလဒ်များနှင့်ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၁၅ သို့ ရောက်ရှိလျက်ရှိသည်။ မော်ရင်ဟိုအနေဖြင့် ချယ်လ်ဆီးပရိသတ်များ၏   ထောက်ခံမှုကို မရရှိတော့ပါက ရာထူးမှ ထုတ်ပယ်မည်ဟု အသင်းပိုင်ရှင် မိုဗစ်ချ်က ပြောဆိုထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly