ဗီဒီယိုတစ်ခုမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်းမှာ တူမဖြစ်သူ အလီဆီယာရဲ့ မွေးနေ့ပွဲကို တခြားမိသားစုဝင်တွေနဲ့အတူ ပြုလုပ်ခဲ့တယ်လို့ ပြသထားလို့ အငြင်းပွားဖွယ်ရာဖြစ်စေခံပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ လက်ရှိ ပေါ်တူဂီနိုင်ငံမှာ ရှိနေပါတယ်။ နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံသားတွေဟာ အိမ်မှာ နေဖို့နဲ့ social distancing (သီးခြားနေထိုင်းခြင်း) ကို လုပ်ဆောင်ဖို့ လိုက်နာရပါတယ်။
ဒါပေမယ့်လည်း ဗီဒီယိုကလစ်မှာ မတ် ၃ ရက်က လေဖြတ်ခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ မိခင် ဒိုလိုရက်စ် အေဗီရိုအပါအဝင် အနည်းဆုံး လူ ၁၈ ယောက်လောက် အိမ်တစ်အိမ်မှာ စုဝေးခဲ့တာကို ပြပါတယ်။
ဒီဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်မှာ ရှယ်ခဲ့ကြပြီး ဝေဖန်မှုလည်းခံခဲ့ရပါတယ်။
"မိသားစုတစ်စုဟာ quarantine ခံရချိန်မှာ ခင်ဗျားရဲ့ မွေးနေ့ကို ခင်ဗျား ကောင်းကောင်း ကျင်းပနိုင်ပါတယ်။"လို့ တူမဖြစ်သူ အလီဆီယာက အခြေအနေကို ရှင်းပြ ရေးသားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ စီးရီးအေပြိုင်ပွဲကို ဆိုင်းငံ့လိုက်ပြီးနောက် မတ်လ ၉ ရက်က သူ့ရဲ့ ပတ်တာနာ ဂျော်ဂျီနာ၊ ကလေးတွေနဲ့အတူ ပေါ်တူဂီကို ရောက်ရှိခဲ့ပါတယ်။
သူဟာ တူရင်ကို ဘယ်အချိန်မှာ ပြန်လာမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Ref; Marca