မီတာခနောက်ဆုံးပေးရမယ့်ရက်ကို မေလ ၂ဝ ရက်နေ့အထိ ရွှေ့ဆိုင်း

21 April 2020
မီတာခနောက်ဆုံးပေးရမယ့်ရက်ကို မေလ ၂ဝ ရက်နေ့အထိ ရွှေ့ဆိုင်း

COVID-19 ကူးစက်ရောဂါကြောင့် မီတာခနောက်ဆုံးပေးရမယ့်ရက်ကို မေလ ၂ဝ ရက်နေ့အထိ ရွှေ့ဆိုင်းသတ်မှတ်လိုက်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ဧပြီလ ၂ဝ ရက်နေ့မနက်ပိုင်းမှာ အခုလို အသိပေးထုတ်ပြန်ထားတာပါ။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွက် မီတာခပေးဆောင်ခြင်းကို ဧပြီလကုန်ပိုင်းမှာ ဆောင်ရမယ့်အစား မေလ ၂ဝ ရက်နောက်ဆုံးထားပြီးတော့ ပေးဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

တင်ဆက် - ဆက်ဝေယံနိုင်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required