မယ်ဆိုင်ရဲများက မြန်မာ ၂ ဦးကို ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီး

မယ်ဆိုင်ရဲများက မြန်မာ ၂ ဦးကို ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီး
ဓာတ်ပုံ (Chiang Mai News )

ဧပြီ ၁၉၊ ၂၀၂၀

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား နှစ်ဦးကို ဆိုင်ကယ်ခိုးမှု သံသယဖြင့် ထိုင်းရဲများက တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်သည်။
 

ဓာတ်ပုံ (Chiang Mai News )

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်းထိစပ်နေသော မယ်ဆိုင်မြို့တွင် ထိုင်းအာဏာပိုင်များက နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဉ် မသင်္ကာသဖြင့် စစ်ဆေးရာက ခိုးယူထားသည်ဆိုသော ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းမိခဲ့တာဖြစ်ကြောင်း Chiang Mai News အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
 
အဆိုပါ မြန်မာနှစ်ဦးသည်  ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ နေထိုင်သူ တွေဖြစ်ကြပြီး ယနေ့နံနက် ၁ နာရီခန့်က နယ်စပ်တစ်နေရာမှ မယ်ဆိုင်မြို့ထဲ ခိုးဝင်ခဲ့ကြသည်ဟုဆိုသည်။ သူတို့ကို ဖမ်းမိသော အချိန်မှာ နံနက် ၃ နာရီ ခွဲခန့် ဖစ်သည်။
 

ဓာတ်ပုံ (Chiang Mai News ) 

စွပ်စွဲခံထားရသူများကို ဆိုင်ကယ်ခိုးမှု၊ ထိုင်း နိုင်ငံမှာ COVID-19 ရော ဂါ ထိန်းချုပ် ကာကွယ်ရန် အရေးပေါ် ပြဌာန်းထားချက်အား ကျူးလွန် ဖောက်ဖျက်မှုတို့ဖြင့် အရေးယူသွားမည်ဟု သိရသည်။
 
ထိုင်း နိုင်ငံတွင် COVID-19 ထိန်းချုပ် ကာကွယ်ရန် အရေးပေါ် ပြ ဌာန်းထား ချက် များကို လိုက် နာခြင်း မရှိပါက ထောင်ဒဏ်နှင့် ဒဏ်ငွေများ ပေးဆောင် ရမှာဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly