မန္တလေးတိုင်းဒေသကြီးအစိုးရက ဒေသန္တရအမိန့်ကို လကုန်အထိ ရက်ထပ်တိုး

19 April 2020
မန္တလေးတိုင်းဒေသကြီးအစိုးရက ဒေသန္တရအမိန့်ကို လကုန်အထိ ရက်ထပ်တိုး

(COVID - 19 )ရောဂါ ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်တဲ့အနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း အဝေးပြေးယာဉ်လိုင်းတွေ ၊ ဟိုတယ် ၊ တည်းခိုခန်းတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရုံ စက်ရုံတွေကို ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ ယာယီပိတ်ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က တားမြစ် မိန့်ထုတ်ထားခဲ့တာကို ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြင့်လိုက် ပါတယ်။အခုလို တိုးမြင့်လိုက်တဲ့အကြောင်းကို အမျိုးသားအဆင့်ဗဟိုကော်မတီ ကို တင်ပြသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required