တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ တစ်ရက်တာအတွင်း ၁၆ ဦးသာရှိခဲ့

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ တစ်ရက်တာအတွင်း ၁၆ ဦးသာရှိခဲ့

ဧပြီ ၁၉

တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင် ဧပြီ ၁၈ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆ ဦးသာရှိခဲ့သည်။ ထို့ကြောင့် မတ်လ ၁၇ ရက်နောက်ပိုင်း ကူးစက်မှုအနည်းဆုံး တစ်ရက်တာဖြစ်ခဲ့ပြီး ဧပြီ ၁၇ ရက်ကလည်း ၂၇ ဦးသာ ထပ်မံကူးစက်ခံခဲ့ရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိရသူများအနက် ၉  ဦးမှာ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး ကျန် ၇ ဦးမှာ ဒေသတွင်းကူးစက်ခံရခြင်းဖြစ်သည်။  ထိုအရင်ရက်က  နိုင်ငံပြင်ပမှဝင်ရောက်လာပြီး ကူးစက်ခံထားရသူ ၁၇  ဦးနှင့် ဒေသတွင်းကူးစက်ခံရသူ ၁၀  ဦး တွေ့ရှိခဲ့သည်။  

ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူမှာ ၄၄ ဦးရှိပြီး ၃ ဦးမှာ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လာသူများဖြစ်ကြသည်ဟု ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ထပ်မံသေဆုံးမှုကို မဖော်ပြထားပေ။

တရုတ်နိုင်ငံတွင် ဧပြီ ၁၈  အထိစာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၂  ၇၃၅  ဦးရှိပြီး သေဆုံးသူ ၄ ၆၃၂ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required