တရုတ်တွင် ပြန်လည်ဖွင့်လှစ်ထားသော သားငါးအစိုဈေးဆိုင်များကြောင့် ရောဂါပေါက်ပွားမှုများဆက်ဖြစ်နိုင်

တရုတ်တွင် ပြန်လည်ဖွင့်လှစ်ထားသော သားငါးအစိုဈေးဆိုင်များကြောင့် ရောဂါပေါက်ပွားမှုများဆက်ဖြစ်နိုင်

ဧပြီ ၁၉

COVID-19 ရောဂါစတင်မြစ်ဖျားခံရာနေရာဟုယူဆရသည့် ဝူဟန်မြို့က  သားငါးအစိုနှင့်တိရစ္ဆာန်အရှင်ရောင်းသည့် ဈေးကို မကြာသေးမီက အာဏာပိုင်များက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ထိုသို့ ဆိုင်များပြန်ဖွင့်မှုကို  ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ရှုတ်ချခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သားငါးအစိုရောင်းသည့်ဈေးများကို ပိတ်ရန်မလိုအပ်ကြောင်း၊ သင်းခွေချပ်နှင့် ကြောင်ကတိုးကဲ့သို့သော  တောရိုင်းတိရစ္ဆာန်များ ရောင်းချခြင်းကိုသာ တားမြစ်သင့်ကြောင်းနှင့် အစားအစာဘေးကင်းရေးနှင့် သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းများကို ပြဋ္ဌာန်းသင့်ကြောင်း ပြောခဲ့သည်။

လူဦးရေ ၁.၅ ဘီလီယံနီးပါးရှိသော တရုတ်တွင် အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းဝယ်လိုအားသည် လျင်မြန်စွာမြင့်တက်လျက်ရှိပြီး တစ်ဦးလျှင် ပျမ်းမျှ အသားစားနှုန်းမှာ ၁၉၉၀ ပြည့်နှစ်အလွန် အစောပိုင်းကာလများထက် ၂.၅ ဆ ပိုများသည်။

သို့သော် တရုတ်သည် အနောက်နိုင်ငံများကဲ့သို့  တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ စံချိန်စံညွှန်းများ မကျင့်သုံးကြချေ။
ကောင်းကောင်းပြုမူဆက်ဆံခြင်းမခံရသောတိရစ္ဆာန်များသည် စိုးရိမ်ကြောင့်ကြမှုများခံစားကြရပြီး အဆိုပါတိရစ္ဆာန်များတွင် ရောဂါသစ်များအလွယ်တကူ ကူးစက်ခိုအောင်းနိုင်သည်။

ထို့ကြောင့် သားငါးအစိုဈေးရှိ လှောင်အိမ်ထဲ၌ပိတ်လှောင်ခံထားရသော တိရစ္ဆာန်များသည်  ရောဂါသစ်များ ပေါက်ပွားရာ နေရာဖြစ်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly