ဆီးရီးယားတွင် ရုရှနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်

ဆီးရီးယားတွင် ရုရှနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်

ဆီးရီးယားတွင် လေကြောင်းထိုးစစ်ဆင်နွှဲနေသည့် စစ်လေယာဉ်များ လေကြောင်းဘေးကင်းလုံခြုံမှုရှိရေးအတွက် ရုရှနှင့် အမေရိကန်လေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

"ရုရှနဲ့ အမေရိကန်စစ် လေတပ်များက လေတပ်စစ်သားများနဲ့ မြေပြင်တပ်ဖွဲ့များ ပူးတွဲပြီး စစ်ရေးလေ့ကျင့်ခဲ့တာပါ။" ရုရှစစ်ရုံးချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အန်ဒရေးကာတာပိုလော့ဗ်က နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ရုရှနှင့် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းလေယာဉ်များက အထူးဇုန်အတွင်း ဝေဟင်ပိုင်နက် သုံးမိုင်တွင် ပူးတွဲကာ စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"အခု စစ်ရေးလေ့ကျင့်မှုကို ရုရှစံတော်ချိန် ၁၁ နာရီမှာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။"ဟု ၎င်းက ပြောပြီး စစ်ဆင်ရေးလေ့ကျင့်မှုအတွင်း နှစ်ဖက်စလုံးမှ တပ်ဖွဲ့များက ရုရှနှင့် အင်္ဂလိပ်စကားတို့ဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုကိုလည်း လေ့ကျင့်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာမှစကာ အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်များက ဆီးရီးယားရှိ အစွန်းရောက်များကို တိုက်ခိုက်ရန်ဆိုကာ ဆီးရီးယားအစိုးရ၏ ခွင့်ပြုခြင်းမရှိသကဲ့သို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်လည်း မပါရှိဘဲ လေကြောင်းစစ်များ ဆင်နွှဲလာခြင်းဖြစ်သည်။

ရုရှကမူ ဆီးရီးယားအစိုးရ၏ တောင်းဆိုမှုအားဖြင့် စက်တင်ဘာ ၃၀ ရက်ကစကာ ယင်းနိုင်ငံတွင်း အစွန်းရောက်များအား လေကြောင်းထိုးစစ်များ စတင်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

Ref ; Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly