ရော်နယ်ဒိုရဲ့ နာမည်ကျော် ဆံပင်ပုံစံကို လိုက်လံတုပခဲ့တဲ့ ရစ်ချာလီဆန်

ရော်နယ်ဒိုရဲ့ နာမည်ကျော် ဆံပင်ပုံစံကို လိုက်လံတုပခဲ့တဲ့ ရစ်ချာလီဆန်

အဲဗာတန်အသင်းနဲ့ ဘရာဇီးလက်ရွေးစင်အသင်း တိုက်စစ်မှူး ရစ်ချာလီဆန် တစ်ယောက်ကတော့ နာမည်ကျော်တိုက်စစ်မှူးကြီး ရော်နယ်ဒိုရဲ့ ဆံပင်ပုံစံအတိုင်း လိုက်လံတုပပြီး ညှပ်ခဲ့လို့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဦးစွန်းဖုတ် ဆံပင်ပုံစံအတိုင်း ရစ်ချာလီဆန်က ညှပ်ခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ သူ့ရဲ့ဆံပင်ကို ပုံဖော်ခဲ့တာပါ။

ရစ်ချာလီဆန်ရဲ့ အင်စတာဂရမ်မှာ သူ့ရဲ့ဆံပင်ပုံစံ ဘယ်လိုဖြစ်နေသလဲဆိုတာ ဓာတ်ပုံတစ်ပုံနဲ့ တင်ပြသွားခဲ့ပြီး ဒီဆံပင်ပုံစံက သူဟာ ဘရာဇီးရဲ့ ဒုတိယရော်နယ်ဒိုပါပဲဆိုတာ ပြသချင်နေတာဖြစ်မယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးလေးဟာ ရော်နယ်ဒိုရဲ႕ ခြေစွမ်းကို လိုက်မှီနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ့်ပုံပါ။ သူက ၂၀၁၈ ခုနှစ်မှာ အဲဗာတန်အသင်းဆီ ရောက်လာခဲ့ပြီး အသင်းအတွက် (၆၂)ပွဲ ကစားပေးပြီးချိန်မှာ (၂၃)ဂိုးသာ သွင်းပြနိုင်ခဲ့ပါသေးတယ်။

ရစ်ချာလီဆန်ကတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ငယ်ဘဝမှာ စံပြကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့အနေနဲ့ ရော်နယ်ဒိုကို အတုယူခဲ့ရတာဖြစ်တယ်လို့ Globo တီဗီ နဲ့ အင်တာဗျူးအစီအစဉ်မှာ ဖြေဆိုခဲ့ဖူးပါတယ်။

ရော်နယ်ဒိုဟာ အသက် ၂၀ အရွယ်မှာပဲ ဘာစီလိုနာအသင်းနဲ့အတူ ခြေစွမ်းပြနေခဲ့ပြီး (၃၇)ပွဲကစားကာ (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ရစ်ချာလီဆန်ကတော့ ပရီးမီးယားလိဂ်မြေမှာ ဂိုးသွင်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတုန်းပါပဲ။

ပရိသတ်တွေကတော့ ဘရာဇီးတိုက်စစ်မှူးတွေထဲမှာ ရစ်ချာလီဆန်ဟာ အလားအလာအကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး အနာဂတ်မှာ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်လာလိမ့်ဦးမယ်ဆိုတာ သံသယ ရှိစရာမလိုကြောင်း မှတ်ချက်ပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly