ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး သေဆုံးသူ တစ်သိန်းခွဲ ကျော်နေချိန် တရုတ်က သေဆုံးနှုန်းကို ဖုံးကွယ်ထားဟု ထရမ့် ပြော

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး သေဆုံးသူ တစ်သိန်းခွဲ ကျော်နေချိန် တရုတ်က သေဆုံးနှုန်းကို ဖုံးကွယ်ထားဟု ထရမ့် ပြော

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ သောကြာနေ့မှာဆိုရင် တစ်သိန်းခွဲကျော်သွားပြီဖြစ်တဲ့အချိန်အတွင်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံဟာ သေဆုံးနှုန်းကို ဆက်လက်ဖုံးကွယ်နေတယ်လို့ စွပ်စွဲပြောဆိုလာပါတယ်။

တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပေါ်ပေါက်ရာ ရောဂါဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့က သေဆုံးနှုန်းကို သိသိသာသာ မြှင့်တင်ပြီး ပြန်လည်ထုတ်ပြန်ထားချိန်မှာတောင် ထရမ့်က အခုလို စွပ်စွဲပြောဆိုတာလည်း ဖြစ်ပါတယ်။

တရုတ်ရဲ့ ကိန်းဂဏန်းတွေဟာ ခုချိန်ထိအောင် မှန်ကန်မှု မရှိသေးဘူးလို့ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအရေးမှာ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးလွန်းတယ်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထရမ့်က ပြောပါတယ်။

“တရုတ်မှာ ဖြစ်ပွားမှုနှုန်းဟာ အမေရိကန်ထက် အဆမတန် ပိုများပါတယ်။ မတိမ်းမယိမ်း ရှိနေတာ မဟုတ်ပါဘူး။”ဆိုပြီး ထရမ့်က တွစ်တာမှာ ရေးသားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ သားငါးဈေးတစ်ဈေးက စတင်ပေါ်ပေါက်တာမဟုတ်ဘဲ အနီးနားက စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ လင်းနို့တွေနဲ့ ဆက်စပ်တဲ့ ရောဂါကို သုတေသနပြုရာ အဆောက်အအုံကနေ စတင်ဖြစ်ပွားပေါ်ပေါက်တာဖြစ်နိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ရေးသားနေချိန်မှာပဲ ဗိုင်းရပ်စ်စတင်ဖြစ်ပွားပေါ်ပေါက်တာနဲ့ ပတ်သက်လို့ သေချာရှင်းလင်းဖို့ ထရမ့်ဟာ မကြာသေးမီရက်တွေမှာ တရုတ်နိုင်ငံကို ဖိအားတွေ ပေးလာခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂ ဒသမ ၂ သန်း ကျော်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတင်းအချက်အလက်တွေနဲ့ အစိုးရအာဏာပိုင်တွေထံ သတင်းအချက်အလက်တွေအပေါ် အေအက်ဖ်ပီရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly