နှင်းဆီပွင့်ပုံသဏ္ဍာန်ဖြစ်စေခဲ့သောကြယ်ပတ်လမ်းကြောင်းက အိုင်းစတိုင်းသီအိုရီမှန်ကန်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့

နှင်းဆီပွင့်ပုံသဏ္ဍာန်ဖြစ်စေခဲ့သောကြယ်ပတ်လမ်းကြောင်းက အိုင်းစတိုင်းသီအိုရီမှန်ကန်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့

ဧပြီ ၁၇

နက္ခတ္တဗေဒပညာရှင်များသည် နဂါးငွေ့တန်းဂယ်လက်စီ၏အလယ်ဗဟိုရှိ ဧရာမတွင်းနက်ကြီး (Supermassive Black Hole) ကို လှည့်ပတ်နေသော ကြယ်တစ်လုံးကို နှစ်ပေါင်းများစွာလေ့လာခဲ့ ပြီးနောက် သိပ်သည်းဆများလေ ဆွဲအားပိုကြီးလေ ဆိုသည့် ရူပဗေဒအတွေးအခေါ်ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၏ ယေဘုယျနှိုင်းရသီအိုရီမှန်ကန်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ကြသည်။

အိုင်းဆက်နယူတန်၏ ဆွဲအင်အားသီအိုရီအရ ပတ်လမ်းကြောင်းသည် ဘဲဥသဏ္ဍာန်ရှိရမည် ဆိုသော်လည်း ယခုတွေ့ရှိမှုတွင် ကြယ်ပတ်လမ်းကြောင်းက နှင်းဆီပွင့်ပုံစံကိုဖြစ်စေခဲ့ပြီး အိုင်းစတိုင်း၏ နှိုင်းရသီအိုရီကိုမူ ထိန်းထားနိုင်ခဲ့သည်။

နက္ခတ်ဗေဒပညာရှင်များသည် တွင်းနက်ကြီးကို လှည့်ပတ်နေသော S2 အမည်ရှိ ကြယ်ကို စောင့်ကြည့်နေသည်မှာ နှစ်ပေါင်း ၂၇ နှစ်ကြာပြီဖြစ်သည်။  အကြမ်းအားဖြင့် ကမ္ဘာမြေကြီးမှ အလင်းနှစ် ၂၆ ၀၀၀ ကွာဝေးသောဂယ်လက်ဆီဗဟိုတစ်ဝိုက်တွင် လှည့်ပတ်နေသော ၎င်းကြယ်၏တည်နေရာနှင့် အလျင်ကို တိုင်းတာနေခဲ့ခြင်းဖြစ်သည်။

ချီလီနိုင်ငံ Atacama သဲကန္တရာအတွင်းရှိ  ဥရောပတောင်ပိုင်းစောင့်ကြည့်လေ့လာရေး အဖွဲ့၏ အာကာသကြည့်မှန်ပြောင်းဖြင့် လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကြာသပတေးနေ့ထုတ် Astonomy & Astrophysics ဂျာနယ်တွင် ဖော်ပြခဲ့သည်။

အဆိုပါကြယ်သည် ၎င်းဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်မိရန် ၁၆ နှစ်ကြာသည်။ သုတေသီများသည် ပတ်လည်ကြောင်းနှစ်ခု အပြည့်အဝလှည့်ပတ်ပြီးသည်အထိ စောင့်ကြည့်ပြီးနောက် ကြယ်သည် အိုင်းဆက်နယူတန်၏ ဆွဲအင်အားသီအိုရီတွင် ခန့်မှန်းခဲ့သကဲ့သို့ ပုံသေ ဘဲဥပုံပတ်လမ်းကြောင်း မရှိသည်ကို းတွေ့ရှိခဲ့ကြသည်။ S2 ကြယ်သည် တွင်းနက်ကြီးကို လှည့်ပတ်နေစဉ်အတွင်း နီးလိုက်ဝေးလိုက်ဖြင့် ပတ်လမ်းကြောင်း ပြောင်းနေခဲ့ပြီး နှင်းဆီပွင့်ပုံစံ လမ်းကြောင်းကိုဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly