နိုင်ငံတဝှမ်း အကျဉ်းသား ၂၄၀၀၀ ကျော် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် လွတ်မြောက်

နိုင်ငံတဝှမ်း အကျဉ်းသား ၂၄၀၀၀ ကျော် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် လွတ်မြောက်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဧပြီ ၁၇

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွှတ်ပေးလေ့ရှိသော အစဉ်အလာအရ နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ထုတ်ပြန်လိုက်ရာ နိုင်ငံတဝန်းရှိအကျဉ်းထောင်များမှ အကျဉ်းသားပေါင်း ၂၄၈၉၆ ဦးကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရခဲ့ကြပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။

သမ္မတဦးဝင်းမြင့်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်တွင် ပါဝ်သော ပြစ်ဒဏ်လျော့ပေါ့သည့် မူတစ်ခုဖြစ်သည့် " ထောင်ဒဏ် နှစ် ၄၀ နှင့် အောက်ခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ် ၏ လေးပုံတစ်ပုံအား လျှော့ပေါကျခံစေရန်" အချက်တစ်ခုအရ လွတ်မြောက်လာသော အကျဉ်းသားများဖြစ်သည်။ ထို့အပြင် ကန့်သတ်ဧရိယာအပြင် တရားမဝင် နယ်ကျော်ထွက်မှုဖြင့် အဖမ်းခံထားရသော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မူဆလင်များကိုလည်း နေရပ်ရင်းပြန်ပို့သည့်အစီအစဉ်လည်း ပါဝင်သည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ

မြန်မာနိုင်ငံတဝှမ်းအကျဉ်းထောင် ၄၆ ခုနှင့် ရဲဘက်စခန်း ၅၀ ရှိသည်။ အကျဉ်းထောင်များတွင် လက်ခံနိုင်သည့်အရေအတွက်မှာ ၆၆,၀၀၀ဝဖြစ်သော်လည်း ၉၂၀၀၀ အထိရှိနေခဲ့သည်ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောထားသည်။

ယနေ့လွှတ်ပေးရာတွင် အင်းစိန်ထောင်တစ်ခုတည်းမှပင် အကျဉ်းသားဦးရေ ၂၆၀၀ ကျော်ပြန်လွတ်ခဲ့သည်။ နယ်ကျော်အမှုအောက် လွှတ်ပေးခံရသူများကတော့ ၂၀၀ ကျော်ရှိသည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ

လွတ်မြောက်လာသည့် အကျဉ်းသား ၊ အကျဉ်းသူများကို နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် ဆန်ငါးပြည်
အပါအဝင် အခြေခံစားသောက်ကုန်များကိုပါ ထောက်ပံ့ပေးခဲ့သည်။

ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ ထောင်တွင်းကျန်ရှိနေသူများလည်း အကျိုးခံစားခွင့်ရကြသည်။ သေဒဏ်ကျခံရသူများကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲပေးခြင်းနှင့်
ထောင်ဒဏ် နှစ် (၄၀)အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly