ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကစားသမားတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို စတင်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက် လုံလောက်တဲ့ အကွာအဝေးမှာ ရှိနေစေပြီး လေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်ကိုင်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ ဂျာမနီမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ပထမဆုံး လေ့ကျင့်ခန်းပြန်ဆင်းတဲ့အသင်း ဖြစ်လာခဲ့တာပါ။
အခုလည်း ဘိုင်ယန်မြူးနစ်ရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ မြှားပစ်တဲ့ ဘုတ်ပုံစံ နံရံကြီး ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပြီး ဘောလုံးသမားတွေဟာ အဲဒီ နံရံကြီးဆီ ဘောလုံးကန်ရင်း သူတို့ရဲ့ တိကျမှုစွမ်းရည်ကို လေ့ကျင့်နေကြတာကို တွေ့နေကြရပါတယ်။
ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ကစားသမား အားလုံးနီးပါး ဒီလေ့ကျင့်ရေး အစီအစဉ်ကို ရောက်ရှိလာကြပြီး အသင်းနဲ့အတူ ဘောလုံးပွဲတွေကို ပြန်စဖို့ အသင့်ဖြစ်နေကြောင်း ပြသခဲ့ကြတာပါ။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့ရဲ့ ပြိုင်ပွဲတွေကို မေလ ၉ ရက်နေ့မှာ ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေပြီး လက်ရှိမှာ အသင်းတွေအနေနဲ့ ကိုယ်ပိုင်လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြန်လည်စတင်နိုင်ပြီဆိုတဲ့အကြောင်း ညွှန်ကြားထားတာပါ။
Why are they training with dartboard? To improve the goal kicks? Long balls? Crosses? The more you score the better? pic.twitter.com/w35afdvwEN
— #coronaraus (@BaldBayernFan) April 16, 2020
လီဝန်ဒေါစကီး၊ သီယာဂို ၊ မူလာ စတဲ့ ကစားသမားတွေက ဒီ နံရံကြီးရဲ့ အလယ်မှတ်ကို ထိအောင် ကန်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း သူတို့ရဲ့ ကန်ချက်တွေက အလယ်မှတ်ရဲ့အနီးမှာသာ ရှိနေခဲ့ပါတယ်။
အဲဒီနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အလယ်မှတ်တည့်တည့်ကို ထိအောင် ကန်နိုင်တဲ့ ကစားသမား တစ်ယောက်သာ ရှိခဲ့ပြီး အဲဒါကတော့ အာဆင်နယ်အသင်းကစားသမားဟောင်း ဂနာဘရီပဲဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဆိုက်ကနေ ဖော်ပြသွားခဲ့ပါတယ်။
They brought the dartboard out for Bayern training #Covid_19 #StayHome #FootballsStayingHome pic.twitter.com/tlOYXAaTz2
— (from ) (@AsifRazaARS93) April 16, 2020
ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေကို ပြန်လည်စတင်တော့မယ်ဆိုပေမယ့် အသင်းတွေဟာ ပရိသတ်မပါပဲ ကစားကြရဖွယ်ရှိနေပြီး သူတို့ရဲ့ ရာသီ ပြီးဆုံးအောင် ကစားဖို့ကိုသာ အဓိကထားကြလိမ့်မယ်လို့ ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။