ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်ကောင်းလာခဲ့ပြီး ဆေးရုံကဆင်းခွင့်ရခဲ့တဲ့ ဖယ်လိုင်နီ

ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်ကောင်းလာခဲ့ပြီး ဆေးရုံကဆင်းခွင့်ရခဲ့တဲ့ ဖယ်လိုင်နီ

တရုတ်စူပါလိဂ်ဘောလုံးသမားတွေထဲမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဖြစ်ခဲ့တဲ့ ဖယ်လိုင်နီဟာ ရောဂါပျောက်ကင်းသွားခဲ့ပြီး ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ရှန်ဒေါင်း လူနန်အသင်းရဲ့ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့လအတွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာမို့ မတ်လ ၂၂ ရက်နေ့မှာ ဆေးရုံတက်ပြီး ကုသခံခဲ့ရတာပါ။

အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီက သူ့ရဲ့ အင်စတာဂရမ်မှာ ဆေးရုံကနေ ဆင်းလာခဲ့တဲ့ ပုံရိပ်တွေကို မျှဝေပေးခဲ့ပြီး ဆေးရုံရဲ့တာဝန်ရှိသူတွေနဲ့ သူနာပြုတွေ၊ ဆရာဝန်တွေကို အထူးကျေးဇူးတင်နေမှာဖြစ်ကြောင်း ရေးသားသွားခဲ့ပါတယ်။

ဖယ်လိုင်နီက ရောဂါကူးစက်ခံရသူတွေအနေနဲ့ စိတ်ဓာတ်မကျကြပဲ ဆက်လက်တိုက်ပွဲဝင်ကြဖို့ အရေးကြီးကြောင်းကိုလည်း သူ့ရဲ့ အင်စတာဂရမ်ကနေ အသိပေးခဲ့တယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ မန်ယူအသင်းကနေ တရုတ်စူပါလိဂ်ကလပ်ဆီ ရောက်ရှိလာခဲ့တဲ့ ဖယ်လိုင်နီဟာ အသင်းအတွက် အရေးကြီးတဲ့ ကစားသမားဖြစ်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့သူပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Stay positive stay fighting stay bravestay ambitious stay focused stay strong

A post shared by Marouane Fellaini (@fellaini) on

ဖယ်လိုင်နီဟာ ဆေးရုံမှာ ကုသမှု ခံယူနေစဉ်အတွင်း လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုတွေကို ပရိသတ်တွေအတွက် တင်ပေးသွားခဲ့ပြီး သူ့ရဲ့အင်စတာဂရမ်ပရိသတ် ၂ သန်းကျော်ကို ကျန်းမာနေကြောင်း သိစေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဖယ်လိုင်နီ တစ်ယောက် ဆေးရုံကနေ ဆင်းလာခဲ့ပြီဆိုပေမယ့် နေအိမ်မှာ ဆက်လက်ရှိနေရဦးမှာဖြစ်ပြီး ရက်အနည်းငယ် စောင့်ကြည့်မှု ခံရဖွယ်ရှိနေသေးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Thank you everyone for all your messages. I am still in hospital but getting stronger every day

A post shared by Marouane Fellaini (@fellaini) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly