Lockdown အချိန် မော်ဒယ်မလေးတွေဆီ မက်ဆေ့ချ်တွေ ပို့နေတဲ့ လင်ဂတ်ရဲ့အဖြစ်

Lockdown အချိန် မော်ဒယ်မလေးတွေဆီ မက်ဆေ့ချ်တွေ ပို့နေတဲ့ လင်ဂတ်ရဲ့အဖြစ်

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား လင်ဂတ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်အတွင်းမှာပဲ နေရတဲ့အချိန်အတွင်း ဗြိတိန်ရဲ့ နာမည်ကြီး မော်ဒယ်မလေးတွေဆီကို မက်ဆေ့ချ်တွေပို့နေခဲ့တယ်လို့ The Sun က ဖော်ပြပါတယ်။

Playboy မော်ဒယ် တစ်ယောက်ဖြစ်တဲ့ လော်ရာ ဘရာဂါတိုရဲ့ ထုတ်ပြောလိုက်မှုက တစ်ဆင့် လင်ဂတ် တစ်ယောက် ဘယ်လိုတွေ အကွက်ရွှေ့နေလဲဆိုတာ ပရိသတ်တွေ သိသွားကြပြီး လင်ဂတ်ဟာ တင်ပါးလှလှလေးတွေကို ရှာဖွေနေသူလို့တောင် ဆိုရှယ်မီဒီယာမှာ ဟာသလုပ်နေကြပါပြီ။

 
 
 
 
 
 
 
 
 
 
 
 
 

If everyone can have you , I don’t want you. @ohpolly #ibiza

A post shared by LAURA BRAGATO (@laurabragato) on

အီတလီနိုင်ငံသူ၊ မော်ဒယ်မလေးဖြစ်တဲ့ လော်ရာဟာ လင်ဂတ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း သူမရဲ့ အင်စတာဂရမ်မှာ အသိပေးလိုက်ပြီးတဲ့နောက်ပိုင်း လင်ဂတ်က သူမနဲ့ ဆက်သွယ်ဖို့ ကြိုးစားလာခဲ့တာပါ။

လက်ရှိအချိန်မှာ လော်ရာက  အီတလီမှာရှိတဲ့ သူမရဲ့ နေအိမ်မှာ နေထိုင်နေတာဖြစ်ပေမယ့် လင်ဂတ်နဲ့ စာ အဆက်အသွယ်တွေတော့ အမြဲရှိနေခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by LAURA BRAGATO (@laurabragato) on

“ကျွန်မ မနေ့တုန်းက ဂျီဆီ (လင်ဂတ်)နဲ့ စကားပြောဖြစ်ကြပါသေးတယ်။ သူလည်း ကျွန်မတို့လိုမျိုးပဲ အိမ်မှာ နေ နေရတယ်။”လို့ လော်ရာက အီတလီမီဒီယာတစ်ခုကို ပြောပါတယ်။ ဒီဗိုင်းရပ်စ်ကာလကြီး ပြီးဆုံးသွားရင် သူမအနေနဲ့ ခရီးသွားဖို့ အရင်ဆုံးပြင်ဆင်မှာဖြစ်ပြီး စပိန် ဒါမှမဟုတ်ရင် လန်ဒန်ကို သွားမှာပါလို့ လော်ရာ ဖြေဆိုသွားခဲ့တာပါ။

လော်ရာဟာ မီလန်တက္ကသိုလ်မှာ ဥပဒေပညာကို လေ့လာနေတဲ့ ကျောင်းသူလေးဖြစ်ပြီး သူမရဲ့ အင်စတာဂရမ်ပရိသတ်က ၃၈၄,၀၀၀ အထိ ရှိသူပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Costa Del Gardenas Workout #StayHomeStaySafe

A post shared by JLingz (@jesselingard) on

သူမက ဝုဗ်အသင်းမှာ လာရောက်ကစားနေတဲ့ အီတလီတိုက်စစ်ကစားသမား ကတ်ထရုန်းနဲ့လည်း သူငယ်ချင်းတွေဖြစ်ပြီး အီတလီမှာ သူမ အကြိုက်ဆုံး ကစားသမားက ကတ်ထရုန်းဖြစ်သလို အင်္ဂလန်မှာတော့ လင်ဂတ်ပါပဲလို့ ဖွင့်ဟသွားခဲ့တာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

When your enviroment is clean you feel happy, motivated and healthy #LittleThingsGoAlongWays

A post shared by JLingz (@jesselingard) on

ဗြိတိန်မီဒီယာတွေကတော့ လင်ဂတ်ဟာ မော်ဒယ်မလေးတွေဆီကို စာပို့ ဆက်သွယ်ရတာ ၀ါသနာပါသူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်အတွင်းမှာလည်း အနည်းဆုံး မော်ဒယ်မလေး နှစ်ယောက်ဆီကို စာပို့ဆက်သွယ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly