ဒီနွေရာသီမှာ ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်အသင်းဆီ မရောင်းချဘူးလို့ ဆုံးဖြတ်ထားတဲ့ တော့တင်ဟမ်

ဒီနွေရာသီမှာ ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်အသင်းဆီ မရောင်းချဘူးလို့ ဆုံးဖြတ်ထားတဲ့ တော့တင်ဟမ်
Photo: EPA

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်အသင်းတစ်သင်းဆီ ရောင်းချသွားမှာမဟုတ်ဘဲ ဒီနွေရာသီမှာ ကလပ်ကနေ ထွက်ခွာခွင့်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ၂၀၁၈ ဇွန်လက စပါးအသင်းနဲ့ ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

သူ့အနေနဲ့ ကစားသမားဘဝအောင်မြင်မှုရရှိဖို့ ဆန္ဒရှိနေတဲ့အတွက်ကြောင့် မြောက်လန်ဒန်ကလပ်မှာ မနေသင့်တော့ဘူးလို့ သူက ပြီးခဲ့တဲ့ လက ပြောဆိုခဲ့ပြီး ဒီနေရာမှာ ဥက္ကဋ္ဌ ဒန်နီယယ် လီဗီက ပေါင်သန်း ၂၀၀ ခန့်နဲ့ သူ့ကို ရောင်းချဖို့ အဆင်သင့်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ဟာ အင်္ဂလန်အသင်းခေါင်းဆောင်ကို အချိန်ကြာမြင့်စွာကလည်းက ခေါ်ယူလိုနေတဲ့အသင်းဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ထမ်းတွေကို လစာလျှော့ချဖြတ်တောက်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ်တွေထဲက အသင်းတစ်သင်းဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ်တွေဆီကနေ ဝေဖန်မှုတွေကြောင့် ကလပ်အသင်းက လစာလျှော့ချမယ့် အစီအစဉ်ကို ပြန်ပြင်ခဲ့ပြီး အခုဆိုရင် ဘုတ်အဖွဲ့င်တွေသာ လစာလျှော့ယူကြပါတယ်။

တော့တင်ဟမ်တို့ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကတော့ ပုံမှန်အချိန်မှာဆိုရင် ရရှိနိုင်နိုင်ပေမယ့် အခုလိုမျိုး ကမ္ဘာ့ကပ်ရောဂါကြောင့် ဘောလုံးပွဲတွေရပ်နားထားပြီး အသင်းကြီးအားလုံးဟာ ဘဏ္ဍာရေးဆိုင်ရာ ခေါင်းခဲနေတဲ့အချိန်မှာတော့ ရနိုင်ဖို့ မလွယ်ကူဘူးလို့ သုံးသပ်ကြတာတွေ ရှိပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly