နေအိမ်တွင် ဇိမ်ကျကျ အပန်းဖြေနေသော ဗီဒီယိုဖိုင်ကို တင်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဝေဖန်ခံနေရ

နေအိမ်တွင် ဇိမ်ကျကျ အပန်းဖြေနေသော ဗီဒီယိုဖိုင်ကို တင်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဝေဖန်ခံနေရ

ဧပြီ ၁၄

ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ပြည်သူများ နေအိမ်ကနေ အလုပ်လုပ်ရန် ရုန်းကန်နေရလျက် ရှိစဉ် နေအိမ်တွင် ဇိမ်ကျကျ အပန်းဖြေနေသည့် ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့သည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကို ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဝိုင်းဝန်းဝေဖန်ခဲ့ကြကြောင်း သိရသည်။

ပြည်သူများ အကျပ်တွေ့နေစဉ် ယခုကဲ့သို့ နေအိမ်တွင် ဇိမ်ကျနေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့သည့် ဝန်ကြီးချုပ် အာဘေးသည် အခြေအနေမှန်ကို ခွဲခြားသိရှိနိုင်စွမ်း မရှိသူဟု ဆိုရှယ်မီဒီယာသုံးသူများက စွပ်စွဲခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံပေါင်းစုံအခြေစိုက် ကုမ္ပဏီကြီးများသည် လုပ်ဖော်ကိုင်ဘက်များနှင့် အဆက်အသွယ်မပြတ်ဘဲ အချိတ်အဆက်ရှိစေရန် Slack နှင့် Webex တို့ကဲ့သို့ messaging နှင့် video conferencing ဆော့ဝဲများကို အသုံးပြုလျက် ရှိသည်။ သို့သော် ဂျပန်တွင် ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းခန့်က ယင်းတို့၏ ဝန်ထမ်းများကို နေအိမ်ကနေ အလုပ်လုပ်ခွင့်ပေးနိုင်စွမ်း မရှိဘဲဖြစ်နေကြောင်း ၂၀၁၉ အစိုးရ ဒေတာများအရ သိရသည်။

တွစ်တာပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် ဝန်ကြီးချုပ် အာဘေးကို စာအုပ်တစ်အုပ်ဖတ်ရင်း၊ အရည်အပူတစ်မျိုးကို သောက်ရင်း၊ ၎င်း၏ ခွေးလေးနှင့်အတူ အပန်းဖြေနေသည်ကို မြင်တွေ့ခဲ့ရသည်။

“ခုချိန်မှာ ကျွန်တော်တို့ မိတ်ဆွေတွေကို တွေ့လို့မရနိုင်ပါဘူး၊ အပြင်မှာ သွားသောက်လို့မရပါဘူး၊ ဒါပေမယ့် ခုလို ကိုယ့်အိမ်မှာပဲ ကိုယ်နေခြင်းက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်၊ ခုချိန်မှာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ဖိအား၀န်တွေကိုလည်း လျော့ပါးသက်သာရာရနိုင်စေပါတယ်၊ ပူးပေါင်းပါဝင်သူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်” ဟု အာဘေးက တွစ်တာတွင် ပြောထားသည်။

သို့သော် အာဘေး၏ အဆိုပါ ဗီဒီယိုဖိုင်အပေါ် ဆိုရှယ်မီဒီယာသုံးသူများက ဝိုင်းဝန်းဝေဖန်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly