မူဆယ်မှာ ဗုံးနှစ်လုံးဆက်တိုက် ပေါက်ကွဲ

မူဆယ်မှာ ဗုံးနှစ်လုံးဆက်တိုက် ပေါက်ကွဲ
ဓာတ်ပုံ- CJ

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲမှု ည ၁၀ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့ ကာစတန်ရုံး၊ စာတိုက်နှင့်ကံကော်မီးပွိုင့်တို့အနီးတွင် ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာများက ရဲစခန်း၊ တပ်တို့နှင့်လည်းနီးသည်ဟု သိရသည်။ ဒေသခံများအပြောအရ လူအသေအပျောက်မရှိဟု ဆိုသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြောင့် နေအိမ်တိုက်၏ မှန်များအားလုံးတုန်ခါသွားကာ အိမ်သားများလန့်ကုန်ကြသည်ဟု အနီးနားရှိ ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသောနေရာနှစ်ခုမှာ မီတာ ၅၀၀ ခန့်သာ ဝေးကွာသည်ဟု သိရသည်။ နယ်မြေခံ လုံခြုံရေးတပ်များ ချက်ခြင်း ရောက်ရှိစစ်ဆေးနေပြီး လမ်းကြောများ ပိတ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly