ကွယ်လွန်သွားသော လူနာအမှတ် (၃၉) နေအိမ်ကို lockdown လုပ်

ယနေ့ည အစောပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာပါဝင်သော COVID-19 ဖြင့် ကွယ်လွန်သွားခဲ့သော အသက် ၈၅ နှစ်အရွယ် လူနာအမှတ် ၃၉ ၏ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ နေအိမ်ကို အာဏာပိုင်များက ကန့်သတ်တားမြစ်မှုများ စတင်လုပ်ဆောင်လိုက်ပြီဖြစ်သည်။

မိသားစုဝင်များကိုတော့ မနက်ဖြန်တွင် Quarantine စင်တာတစ်ခုကို ပို့ဆောင်စစ်ဆေးကြည့်ရှု့မှုများ လုပ်ဆောင်မှာဖြစ်သလို ဆေးကုသပေးခဲ့သော ဆရာဝန်ကိုလည်း မနက်ဖြန်မှာ တွေ့ဆုံမေးမြန်းပြီး ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး Quarantine ကိစ္စတွေစနစ်တကျလုပ်ဆောင်သွားဖို့လည်း ပြင်ဆင်နေကြောင်း ပန်းဘဲတန်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

"သူ့ကိုဆံပင်ညှပ်ပေးခဲ့တဲ့သူ၊ သူ့ကို တိုက်ပေါ်ကနေ ဆေးရုံအပို့ ထမ်းချခဲ့တဲ့သူ၊ သူ့ကို ဆေးရုံလိုက်ပို့ခဲ့တဲ့ ပရဟိတအသင်းတစ်ခုမှ ယာဉ်မောင်းနဲ့ယာဉ်အကူ. . . တတ်နိုင်သမျှတော့ trace လိုက်ရတာ ကျဉ်းအောင်တော့ အားလုံးကြိုးစားနေပါတယ်။"ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly