သက်ကြီး COVID-19 လူနာသစ် ကွယ်လွန်

ဧပြီ ၁၂၊ ၂၀၂၀

အသက်အရွယ်ကြီးမြင့်ပြီး ရောဂါအခံရှိသူ COVID-19 လူနာသစ်တစ်ဦး ကွယ်လွန်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အသက် ၈၅ နှစ်အရွယ် အမျိုးသားသည် ဖျားခြင်း၊ ချေားဆိုးခြင်း လက္ခဏများ စတင်ခံစားရပြီးနောက် ဧပြီ ၁၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြသရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာယူခဲ့သည်။

ယနေ့နံနက် ၆ နာရီအချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူနာတွင် ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသည်ဟု ကျန်းမာရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
 
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၉ ဦး တွေ့ရှိခဲ့ပြီး ကွယ်လွန်သူ လေးဦးရှိသွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly