မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းဘတ်ငွေနှစ်သန်းတန် အာမခံရ

မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းဘတ်ငွေနှစ်သန်းတန် အာမခံရ
ဓာတ်ပုံ --- ( siamrath)

ဧပြီ ၁၂၊ ၂၀၂၀

ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားသော မြန်မာနိုင်ငံသား နှစ်ဦးကို ဘတ်ငွေ နှစ်သန်း ဖြင့် ယာယီ အာမခံပေး ထားကြောင်း ထိုင်းနေ့စဉ်သတင်းစာ ထိုင်းရတ်အရ သိရသည်။

ဘတ်ငွေ ၁၆ သန်းခွဲနှင့်အတူ မြန်မာနိုင်ငံသား နှစ်ဦးသည် ဧပြီလ ၇ ရက်နေ့ တွင် ဓါတ်ဆီဖိုးအတွက် ငွေပေး ချေရန် ကားနှင့် မဲဆောက်မြို့ကိုအသွား ထိုင်း အကောက်အခွန် ဦးစီးဌာနမှ ပေးသည့် အထောက်အထား စာရွက်စတမ်းများ မပြသနိုင်တာကြောင့် အဝေးပြေးလမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် PTT စွမ်းအင် ဆီဆိုင်မှ အလုပ်သမားများ ဖြစ်သည့် သူတို့နှစ်ဦးကို ယခုလ ၉ ရက်နေ့က တရားရုံးမှ တစ်ဦး လျှင် အာမခံ ဘတ်ငွေ တစ်သန်း နှင့် အီလက်ထရောနစ် ခြေကျင်းဝတ် တပ် ဆင်းထားပြီး ပြည်ပသို့ မထွက်ခွာရန် အမိန့်ချ လိုက်ကြောင်း ထိုင်းရတ်အရ သိရသည်။  

မြန်မာနိုင်ငံသား နှစ် ဦးအတွက် အာမခံရရှိရန် ထိုင်းကုန်သည်နှင့် ထိုင်း ရှေ့နေ တို့က ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly