COVID-19 လူနာတစ်ဦးထပ်တွေ့

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတစ်ဦး နောက်ထပ်တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူသည် ၂၈ ဦးမြောက် လူနာဖြစ်သည်။

သူသည် ဓာတ်ခွဲအတည်ပြုလူနာအမှတ် (၈) ၏ မိသားစုဝင်တစ်ဦးဖြစ်သောကြောင့် မတ်လ ၂၈ ရက်နေ့ကတည်းက နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိခဲ့သည်။ ဧပြီ ၄ ရက်နေ့တွင် COVID-19 လက္ခဏာများပြသလာ၍ ဓာတ်ခွဲနမူနာယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

" လူနာတွင် သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါအခံရှိကြောင်းသိရှိရပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ အထူးကြပ်မတ် ကုသမှုပေးသွားမည်ဖြစ်ပါသည်။"ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူနာအမှတ် (၈) မှာ ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြင်သစ်ခရီးသွားများနှင့်အတူ မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့ကို သွားရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly