ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံမှ ထွက်ခွါနိုင်ရေး အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ သုံးစွဲမည်

ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံမှ ထွက်ခွါနိုင်ရေး အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ သုံးစွဲမည်

ဧပြီ ၁၀

ဂျပန်အစိုးရသည် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးဆုံးရှုံးနစ်နာခဲ့မှုများကို  ပြန်လည် ဦးမော့လာစေရန်အတွက် နိုင်ငံ့စီးပွားထုတ်ကုန်တန်ဖိုး၏ ၂၀ % နှင့်ညီမျှသော ယန်း ၁၀၈.၂ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၉၉၃ ဘီလီယံ) ကို ကုစားရေးရန်ပုံငွေအဖြစ် သုံးစွဲမည်ဖြစ်သည်။ ၎င်းအနက်မှ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံကို ဂျပန်ကုမ္ပဏီများ တရုတ်မှ ထွက်ခွါပြောင်းရွှေ့ရေးအတွက် ကူညီထောက်ပံ့ပေးရန် လျာထားကြောင်းသိရ သည်။

ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့ထုတ်လုပ်မည့် ကုမ္ပဏီများအတွက် ယန်း ၂၂၀ ဘီလီယံ (အမေရိကန်ဒေါ်လ ၂ ဘီလီယံ) နှင့် ကျန်ရှိသော ယန်း ၂၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၀.၂ ဘီလီယံ) ကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ် ကိုင်လိုသော ကုမ္ပဏီများတွက် ကူညီထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။ တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထောက်ပံ့ရေးကွင်းဆက်များပြတ်တောက်ပြီး ဆုံးရှုံးနစ်နာမှု များကြုံတွေ့ခဲ့ ရသော ကြောင့် ဂျပန်အစိုးရအနေဖြင့် ထိုသို့ခြေလှမ်း လှမ်းရန် အကြောင်းဖန်လာခဲ့ပြီး ဂျပန်ကုမ္ပဏီများထွက်ခွါပြောင်းရွှေ့သွားခြင်းကြောင့် အကျိုးဆက်အနေဖြင့်  တရုတ်တို့ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဆုံးရှုံးပေမည်။

တရုတ်သည် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်သော်လည်း ကပ်ရောဂါကြောင့်  စက်ရုံများပိတ်ထားသဖြင့် ဖေဖော်ဝါရီလအတွင်း၌ တရုတ်မှသွင်းကုန် ထက်ဝက်နီးပါးအထိ ကျဆင်းခဲ့ပီး လိုအပ်သောအစိတ်အပိုင်းများသောထုတ်လုပ်သော ဂျပန်ကုမ္ပဏီများ ကမောက်ကမဖြစ်ခဲ့ရသည်။  

ထို့ပြင် တိုကျိုအိုလံပစ်ကိုရွှေ့ဆိုင်းလိုက်ရသည့်အတွက် ဂျပန်က တရုတ်အပေါ် အခဲမကြေဖြစ်လျက်ရှိသည်။

ဂျပန်သည် တရုတ်နိုင်ငံရှိ ၎င်းတို့၏ ကုမ္ပဏီများအား ပြန်လာရန်နှင့် တခြားနေရာသစ်များကို ရှာဖွေပြီး စတည်းချရန်အမိန့်ပေးခဲ့သည်။အိန္ဒိယနိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်တို့သည် လှပသောကမ်းခြေများရှိသည့်အတွက်ဂျပန်တို့အတွက်မျက်စိကျစရာဖြစ်သည်။အိန္ဒိယသည်လည်းလုပ်အားခသက်သာပြီးထုတ်ကုန်စနစ်အားကောင်းသည့်အတွက်ဂျပန်အတွက်အကောင်းဆုံးစီးပွားမိတ်ဖက်နိုင်ငံဖြစ်နိုင်ပေသည်။

အိန္ဒိယ၌ မှတ်ပုံတင်ထားသော ဂျပန်ကုမ္ပဏီပေါင်း ၁,၄၄၁ ခုရှိပြီး ၂၀၁၇ ခုနှစ်က ၁,၃၆၉ ခုသာရှိခဲ့သည်။ ကာနာတာကာ, တမီလ်နာဒူ, အနောက်ဘင်္ဂလားနှင့် ဂူဂျာရက်စသည့် ပြည်နယ်များတွင် ဂျပန်စီးပွားရေးလုပ်ငန်းပေါင်း ၅ ၁၀၂ ခုရှိသည်။

ထို့အပြင် ဂျပန်သည် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြရာမိုဒီ ၏ Make in India ၊ Skill India နှင့် Clean India အစရှိသည့် မစ်ရှင်များကိုလည်း ထောက်ခံအားပေးပြီး ၎င်းတို့အနေဖြင့် အိန္ဒိယ၌ စီးပွားရေးကျောက်ချရန်မှာ ယုတ္တိတန်ပေသည်။

ဂျပန်သည် တရုတ်အား COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ များစွာပြစ်တင်ဝေဖန်ခဲ့သလို တခြားနိုင်ငံများကလည်း တရုတ်တို့၏လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရမည်ဟု တောင်းဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly