ချီကာဂိုအကျဉ်းထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိ၍ ရွှေ့ပြောင်းပေးရေး အကျဉ်းသားများဆန္ဒပြ

ချီကာဂိုအကျဉ်းထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိ၍ ရွှေ့ပြောင်းပေးရေး အကျဉ်းသားများဆန္ဒပြ

ဧပြီ ၁၀

ချီကာဂိုမြို့ ကွတ်ကောင်တီက အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေဖြစ်နေတဲ့အတွက် အကျဉ်းသား ၄၅၀၀  ခန့်က သူတို့ကို အကျဉ်းထောင်က လွှတ်ပေးဖို့ ဒါမှမဟုတ် ရွှေ့ပြောင်းပေးဖို့တောင်းဆိုခဲ့တဲ့အပေါ် ချီကာဂိုတရားသူကြီးက ကြာသပတေးနေ့က ငြင်းဆိုလိုက်ပါတယ်။

အကျဉ်းသားတွေဟာ အကျဉ်းထောင်ရဲ့မှန်ပြတင်းပေါက်မှာ အကူအညီတောင်းစာတွေရေးသားပြီး  ဆန္ဒပြခဲ့ကြပါတယ်။

ချီကာဂိုရှိ ကွတ်ကောင်တီအကျဉ်းထောင်က အကျဉ်းသား ၂၇၆ ယောက်နဲ့ ကွတ်ကောင်တီရဲအရာရှိရုံးကဝန်ထမ်း ၁၇၂ ယောက်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတာပါ။ အကျဉ်းသားအများစုကို ရောဂါရှိ/မရှိ မစမ်းသပ်ရသေးတဲ့အတွက် ဒီအရေအတွက်ဟာ မပြောပလောက်ဘူးလို့ အကျဉ်းထောင်က ဆိုပါတယ်။

အဲဒီအကျဉ်းထောင်မှာ အခုအချိန်ထိ COVID-19 ကြောင့် ထောင်သားတစ်ဦးလည်း သေဆုံးထားပါတယ်။ ဥပဒေပညာရှင်တွေကတော့ ထောင်သားတွေကို အစုလိုက်ပြောင်းရွှေ့ပေးဖို့ ဖယ်ဒရယ်တရားရုံးကို အသနားခံစာတင်ခဲ့ကြပါတယ်။

ဒါပေမယ့် ကြာသပတေးနေ့ကထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၃၇ မျက်နှာပါ စီရင်ချက်မှာတော့ ခရိုင်တရားသူကြီး မက်သရူးကန်နယ်လီ က ထောင်သားတွေကို ဘေးကင်းစေမယ့် မူဝါဒအသစ်တွေချမှတ်အကောင်အထည်ဖော်ဖို့ ကွတ်ကောင်တီရဲအရာရှိ Tom Dart ကို ညွှန်ကြားခဲ့ပြီး အုပ်စုလိုက်ပြောင်းရွှေ့ပေးဖို့အဆိုကို ပယ်ချခဲ့ပါတယ်။

ကွတ်ကောင်တီမှာ ရောဂါကူးစက်မှုနှုန်းက လူတစ်ထောင်လျှင် ၁.၅၆ ဦးရှိပြီး တနင်္လာနေ့ထိစာရင်းအရ အကျဉ်းထောင်မှာ လူတစ်ထောင်လျှင် ၅၀ ဦးနှုန်းနဲ့ ကူးစက်ခံနေရတယ်လို့ စီရင်ချက်မှာ တရားသူကြီးက ရေးသားထားပါတယ်။

ရဲအရာရှိ Dart က သူတို့အနေနဲ့ အကြမ်းဖက်မှုမဟုတ်တဲ့ ရာဇဝတ်မှုနဲ့စွဲချက်တင်ခံထားရတဲ့ အကျဉ်းသား ရာပေါင်းများစွာကိုလည်းလွှတ်ပေးခဲ့ပြီး  အကျဉ်းသားတွေနဲ့ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကွတ်တီအကျဉ်းထောင်က အကျဉ်းသား ၇၀ ရာခိုင်နှုန်းလောက်က အကြမ်းဖက်တဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့သူ သို့မဟုတ် အဲဒီအမှုနဲ့ စွဲချက်တင်ခံထားရသူတွေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly