တံငါရွာလေးနားက နေအိမ်တစ်လုံးဆီ ပြောင်းသွားတဲ့ ရော်နယ်ဒို

တံငါရွာလေးနားက နေအိမ်တစ်လုံးဆီ ပြောင်းသွားတဲ့ ရော်နယ်ဒို

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ပေါ်တူဂီနိုင်ငံ၊ မာဒီရာမှာ မိသားစုနဲ့အတူ သွားရောက်နေထိုင်တယ်ဆိုတဲ့ ရော်နယ်ဒို တစ်ယောက် အဲဒီနေအိမ်ကနေ တခြားတိတ်ဆိတ်တဲ့နေရာတစ်ခုကို ပြောင်းရွှေ့သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ရော်နယ်ဒိုဟာ ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာ၊ ကလေးငယ်တွေနဲ့အတူ တိတ်ဆိတ်တဲ့ တံငါရွာလေးနားက အပန်းဖြေအိမ်တစ်လုံးကို ငှားလိုက်ပြီး တစ်ပတ်ကို ပေါင် ၃၅၀၀ ပေးရတယ်လို့ The Sun က ဖော်ပြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

My beautiful training partner! #stayactive #stayhome

A post shared by Cristiano Ronaldo (@cristiano) on

ခြံဝန်းအကျယ်ကြီးရှိပြီး သစ်ပင်တွေနဲ့အတူ ကမ်းခြေကိုပါ မြင်နေရတဲ့ အဲဒီအိမ်မှာ ရော်နယ်ဒို တစ်ယောက် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ် ဗီဒီယိုကနေလည်း မြင်နိုင်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

ရော်နယ်ဒိုရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ ရော်နယ်ဒို နဲ့ ဂျော်ဂျီနာ တို့ဟာ တောင်ကုန်းလမ်းလေးတစ်ခုပေါ်ကို တစ်လှည့်စီ ပြေးတက်နေကြပြီး လေ့ကျင့်ခန်း လုပ်နေတာကို မြင်တွေ့နေရတာပါ။

ရော်နယ်ဒိုအရင်က နေထိုင်ခဲ့တဲ့ မာဒီရာက နေအိမ်မှာ ဒီလို ပတ်ဝန်းကျင်မျိုးမရှိပဲ ရော်နယ်ဒို တစ်ယောက် မီဒီယာတွေရန်ကနေ လွတ်ဖို့ နေအိမ်ပြောင်းရွှေ့သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြတာပါ။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကတော့ သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာ ချစ်စရာကောင်းတဲ့လေ့ကျင့်ဖော်လေးနဲ့လို့ ခေါင်းစဉ်တပ်သွားပြီး သူနဲ့အတူ လေ့ကျင့်ခန်းတွေ လုပ်နေရှာတဲ့ ဇနီးသည် ဂျော်ဂျီနာနဲ့ ဗီဒီယိုကို တင်သွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် ပေါ်တူဂီနိုင်ငံတွင်းက ဆေးရုံတွေကို ပေါင် ၁ သန်းလောက်တန်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းထားပြီး ဂျူဗင်တပ်စ်အသင်းအတွက်လည်း လစာလျော့ယူပေးဖို့ သဘောတူညီထားခဲ့သူပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly