အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်၊လော့စ်အင်ဂျလိစ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ဦးရေက ရာဂဏန်းနဲ့ ရှိနေပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေတဲ့တချိန်တည်းမှာ ပိုးကူးခံရသူအရေအတွက်နဲ့ ဆေးရုံတင်ရတဲ့ လူနာအရေအတွက်တွေလည်း ပိုတိုးလာနေပါတယ်။ ပိုးကူးစက်မှုနှုန်းကျဆင်းသွားအောင် မြို့ခံတွေ အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ထားတာကြောင့် စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံနေရပါတယ်။ Khrystyna Shevchenko ပေးပို့တဲ့ သတင်းလွှာကို ဆက်ပြောပြပါမယ်။