COVID-19 ကြောင့် lockdown ချထားစဉ် အိန္ဒိယက လမ်းတွေပေါ်မှာ ကြီးစိုးမင်းမူနေကြတဲ့ တိရစ္ဆာန်များ

COVID-19 ကြောင့် lockdown ချထားစဉ် အိန္ဒိယက လမ်းတွေပေါ်မှာ ကြီးစိုးမင်းမူနေကြတဲ့ တိရစ္ဆာန်များ

ဧပြီ ၉

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ဖြစ်ပွားလို့ lockdown (ပိတ်ဆို့ကန့်သတ်မှု) ချမှတ်ထားစဉ်ကာလအတွင်း သမ္မတအိမ်တော်အနီးဝန်းကျင်က လမ်းတွေကိုတော့ ရာနဲ့ချီတဲ့ မျောက်တွေက သိမ်းပိုက်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် lockdown ချမှတ်ထားရခြင်းက လူသူကင်းမဲ့သလို ဖြစ်နေတဲ့ လမ်းတွေပေါ်ကို တိရစ္ဆာန်တွေ ဝင်ရောက်ကြီးစိုးဖို့ အကြောင်းဖန်လာစေခဲ့တာဖြစ်ပါတယ်။

လမ်းတွေပေါ်မှာ လူတွေနဲ့ ကားတွေ အသွားအလာ ကင်းမဲ့နေချိန်မှာပဲ နေရာအတည်တကျမရှိဘဲ လျှောက်သွားနေတဲ့ တိရစ္ဆာန်အစုအဖွဲ့တွေဟာ လစ်ဟာနေတဲ့ လမ်းတွေကိုပြောင်းရွှေ့ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာတော့ ပါကင်ထိုးထားတဲ့ ကားတွေပေါ်မှာ ဆင်းသက်နားနေကြတဲ့ ဒေါင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒေလီမှာတော့ မျောက်အုပ်တွေဟာ သမ္မတအိမ်တော်ဝင်း နံရံတွေပေါ်မှာ ခုန်ပေါက်ပြေးရင်း လုံခြုံရေးအစောင့်တွေအနားကနေ ဖြတ်သွားနေတာတွေ ရှိပါတယ်။ ယင်းမျောက်တွေဟာ ဝန်ကြီးဌာနဝင်းအတွင်းတွေနဲ့ အခြား အဆောက်အအုံ အဝန်းအဝိုင်းတွေထဲ ဝင်ရောက်မှုတွေလည်း ရှိနေပါတယ်။

“သူတို့တွေက ခုဆို အတော်များများကို ခိုးယူနေကြပါတယ်၊ ဒါပေမယ့် လူတွေကို ခြိမ်းခြောက်တာတွေတော့ မရှိသေးပါဘူး” ဟု သမ္မတ အိမ်တော်ဝင်ပေါက်မှာ တာဝန်ကျတဲ့ လုံခြုံရေးအမှုထမ်းတစ်ဦးက ပြောသွားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ပြည်သူတွေကို အစားအသောက်နဲ့ အခြား လိုအပ်တဲ့ အသုံးအဆောင်တွေ အပြင်ထွက် ဝယ်ခွင့်ပြုတာကလွဲလို့ ကန့်သတ်ပိတ်ဆို့မှုတွေလုပ်ထားချိန် အခြား တိရစ္ဆာန်တွေဟာ ရဲတင်းစွာနဲ့ လမ်းတွေပေါ်မှာ သွားလာတာတွေ ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly