ကမ္ဘာ့အကောင်းဆုံး ကစားသမားမှာ မက်ဆီမဟုတ်ဘဲ မိမိသာဖြစ်ဟု စီရော်နယ်ဒိုပြော

ကမ္ဘာ့အကောင်းဆုံး ကစားသမားမှာ မက်ဆီမဟုတ်ဘဲ မိမိသာဖြစ်ဟု စီရော်နယ်ဒိုပြော

နိုဝင်ဘာ ၃၊ မက်ဒရစ် ။         ။ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက မက်ဆီကိုကျော်၍ ကမ္ဘာ့အကောင်းဆုံးကစားမှာ ၎င်းသာလျှင်ဖြစ်သည်ဟု ယုံကြည်နေသည်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွင် မက်ဆီနှင့်အပြိုင်ဖြစ်နေသော စီရော်နယ်ဒိုသည် အာဂျင်တီးနားကစားသမားမက်ဆီကိုကျော်၍ ပြီးခဲ့သည့်နှစ်နှစ်ဆက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရထားသည်။

ယခုနှစ်အတွက် အကောင်းဆုံးဆုကိုမူ ဘာစီလိုနာအသင်းနှင့်ဖလားသုံးလုံးရထားသည့် မက်ဆီကရေပန်းစားနေသော်လည်း ပြိုင်ဘက်၏ အောင်မြင်မှုက ၎င်းအတွက်အနှောက်အယှက်မဖြစ်ဟု စီရော်နယ်ဒိုကပြောသည်။

"လွန်ခဲ့တဲ့ရှစ်နှစ်အတွင်း ကျွန်တော့်ခြေစွမ်းကိုခင်ဗျားပြန်ကြည့်လိုက်ရင် တည်ငြိမ်နေတာကိုတွေ့ရမှာဖြစ်ပြီး အဲဒါလိုဖြစ်ဖို့က ခက်ခဲတယ်လေ။ အဲဒီလိုဘယ်သူလုပ်နိုင်ခဲ့လဲ ကျွန်တော့်ကိုပြောပြစမ်းပါ။
ပြီးတော့ နံပါတ်တစ်၊ နံပါတ်နှစ်ဖြစ်ရတာတွေက အသေးအမွှားကိစ္စတွေပါ။ ဆုဖလားရတာပဲဖြစ်ဖြစ် မရတာပဲဖြစ်ဖြစ်ပေါ့။ ခင်ဗျားအတွက် တော့မက်ဆီက အကောင်းဆုံးဖြစ်ချင်ဖြစ်လိမ့်မယ်။

ကျွန်တော့်ခေါင်းထဲမှာတော့ ကျွန်တော်ကအကောင်းဆုံးပဲ။ လူတိုင်းကလည်း ကိုယ့်အ ကြောင်းကိုယ်ပဲ စဉ်းစားသင့်ပါတယ်။ အဲဒါက ကျွန်တော့်ကစားသမားဘဝမှာ ဘာကြောင့်ဒီလောက်အောင်မြင်ခဲ့လဲ ဆိုတဲ့ အကြောင်းရင်းပါပဲ။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအကြိမ်များများ မက်ဆီရတာကိုမြင်ရတာ ကျွန်တော့်အတွက်တော့ခက်ပါတယ်။ ကျွန်တော်စဉ်းစားနေတာ က ဆုပေးပွဲကို ဘာအတွက်သွားသင့်လဲဆိုတာပါပဲ"ဟု စီရော်နယ်ဒိုက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly