နယ်သာလန်အသင်းတွင် ရွေးချယ်ခြင်းမခံရသည့် ဒီပေးကို ဗန်ဟားလ်အားပေး

နယ်သာလန်အသင်းတွင် ရွေးချယ်ခြင်းမခံရသည့် ဒီပေးကို ဗန်ဟားလ်အားပေး

နိုဝင်ဘာ ၃၊ မန်ချက်စတာ ။          ။ ဝေးလ်အသင်းနှင့်ကစားမည့် နယ်သာလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းမခံရသော်လည်း ဒီပေးသည့်၎င်း၏အသက်အရွယ်တွင် အထူးချွန်ဆုံးပါရမီရှင် တစ်ဦးဖြစ်သည်ဟု မန်ယူနည်းပြဗန်ဟားလ်က အားပေးထောက်ခံလိုက်သည်။

နွေရာသီဈေးကွက်အတွင်း နာမည်ကြီးအပြောင်းအရွှေ့တစ်ခုအဖြစ် ပီအက်စ်ဗွီမှပြောင်းလာသည့် ဒီပေးသည် မန်ယူအသင်းတွင်ရုန်းကန်နေရ ပြီး အောက်တိုဘာ ၄ ၌အာဆင်နယ်ကို ၃-၀ ဂိုးဖြင့်ရှုံးသည့် ပွဲတွင် နောက်ဆုံးပွဲထွက်ကစားထားသည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒီပေးသည် ယူရို ၂၀၁၆ ခြေစစ်ပွဲမအောင်သည့်နယ်သာလန်အသင်းတွင်လည်း စတေးခံတစ်ဦးဖွယ်ဖြစ်ခဲ့ရပြီး နည်းပြ ဒန်နီဘလိုင်းသည် နိုဝင်ဘာ ၁၃ ရက်တွင် ကာဒစ်ဖ်၌ ဝေးလ်အသင်းနှင့်ကစားမည့်ပွဲအတွက် ဒီပေးကို ရွေးချယ်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ သည်။

သို့သော် ၂၀၁၄ ကမ္ဘာ့ဖလား တတိယရ နယ်သာလန်အသင်းတွင် ဒီပေးကို လမ်းညွှန်သင်ပြခဲ့ဖူးသည့် ဗန်ဟားလ်က မန်ယူပရိသတ်နှင့် နယ်သာလန်အသင်း စိတ်ရှည်ရန်လိုသည်ဟု ပြောသည်။

"သူ့အသက်အရွယ်မှာသူက အထူးချွန်ဆုံးပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့ ၂၁ နှစ်သားတစ်ယောက်ဆီက တည်ငြိမ်မှုကို ခင်ဗျားတို့မျှော်လင့်လို့မရ ဘူး။ တိုးတက်မှုတွေရှိလာတော့မယ့် အသက်အရွယ် ကိုရောက်နေပြီ။ သူပြန်ကောင်းလာမယ်လို့ ကျွန်တော်ယုံတယ်။ အရင်ကထက်တောင်ပို ကောင်းလာဦးမယ်။ ဒါပေမဲ့ အချိန်တော့ပေးရမယ်။ မာရှယ်လိုပဲ သူ့ပုံစံအောက်နည်းနည်းရောက်နေချိန်မှာပေါ့" ဟု ဗန်ဟားလ်ကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly