မြန်မာ - ဥရောပသမဂ္ဂတို့ ရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မည်

မြန်မာ - ဥရောပသမဂ္ဂတို့ ရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၃ ။          ။ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ဖြေရှင်းမှုကို လာမည့် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ သဘောတူ ချမှတ်မှု မပြုမီ မြန်မာနှင့် ဥရောပသမဂ္ဂတို့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိသည်ဟု ဥရောပ သမဂ္ဂ (အီးယူ)က ထုတ်ပြန်လိုက်သည်။

မြန်မာ့အမျိုးသား ရာသီဥတုပြောင်းလဲမှု မဟာဗျူဟာ နှင့် ဆောင်ရွက်မည့် အစီအစဉ်မူကြမ်း နှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ ဥရောပသမဂ္ဂနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့များက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂ရက်က ပြုလုပ်ကာ ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးမှုမှ အဓိကအချက်များကို ထပ်မံတိုးတက်စေရန် နှင့် ပါရီဆွေးနွေးပွဲတွင် တင်ပြနိုင်ရန် တက်ရောက်သူများက သဘောတူညီခဲ့သည်။

မဟာဗျူဟာ နှင့် လုပ်ဆောင်မှု အစီအစဉ်ကို ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အဖွဲ့အစည်းများ နှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းအား မြှင့်တင်မည့် အစိုးရ၏ လုပ်ငန်း အစီအစဉ်တခုဖြစ်သည့် မြန်မာ့ရာသီဥတု ပြောင်းလဲမှု မဟာမိတ်အဖွဲ့က ပံ့ပိုးခြင်းဖြစ်ပြီး ဥရောပ သမဂ္ဂက ငွေကြေးထောက်ပံ့မည်ဖြစ်သည်။

ဒီဇင်ဘာလတွင် ကျင်းပမည့် ပါရီ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲ (COP21)တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှုအသစ်ကို အပြီးသတ် နိဂုံးချုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက လာရောက် တွေ့ဆုံကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly