ဥရောပမှာ COVID-19 အန္တရာယ် ကြောက်ရွံ့မှုတွေ ရှိနေသော်ငြား စတော့ဟုမ်း မြို့ခံတွေကတော့ လမ်းတွေ၊ ပန်းခြံတွေမှာ ပုံမှန်အတိုင်း သွားလာလျက် ရှိ

ဥရောပမှာ COVID-19 အန္တရာယ် ကြောက်ရွံ့မှုတွေ ရှိနေသော်ငြား စတော့ဟုမ်း မြို့ခံတွေကတော့ လမ်းတွေ၊ ပန်းခြံတွေမှာ ပုံမှန်အတိုင်း သွားလာလျက် ရှိ

ဧပြီ ၅

ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အန္တရာယ်နဲ့ပတ်သက်လို့ ပူပန်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပေမယ့်လည်း ဆွီဒင်နိုင်ငံရဲ့ မြို့တော် စတော့ဟုမ်းမှာတော့ မြို့သူမြို့သားတွေဟာ လမ်းတွေ၊ ပန်းခြံတွေမှာ ပုံမှန်အတိုင်း သွားလာနေ ကြတယ်လို့ သိရပါတယ်။

ချယ်ရီပန်းတွေ ပွင့်တာကို ကြည့်ရှုဖို့အတွက် စတော့ဟုမ်းမြို့လယ်က Kungstradgarden ပန်းခြံကို လာရောက်လည်ပတ်ကြတဲ့ မြို့ခံတွေ အများအပြား ရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ လူ ၅၀ ထက် ပိုပြီး မစုဝေးဖို့၊ အလယ်တန်းကျောင်းတွေ ပိတ်ထားဖို့၊ တက္ကသိုလ်တွေ ပိတ်ထားဖို့၊ သက်ကြီးရွယ်အိုတွေ ရှိရာ နေအိမ်တွေ သွားမလည်ဖို့ စတဲ့ တားမြစ်ချက်တွေကို အာဏာ ပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း စားသောက်ဆိုင် တချို့၊ ကဖေးနဲ့ ဘားတွေ အပါအဝင် အခြား စီးပွားရေးလုပ်ငန်းတွေကတော့ နိုင်ငံတဝန်းမှာ ဆက်လက်ဖွင့်ထားဆဲဖြစ်ပါတယ်။

စတော့ဟုမ်းမှာတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားပေမယ့်လည်း ဒေသခံအများစုကတော့ ပုံမှန်အတိုင်းနီးပါး ဆက်လက်လှုပ်ရှားသွားလာနေကြတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly