နေအိမ်မှာ အဝတ်ဗလာနဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ UFC တိုက်ခိုက်ရေးမယ်ရဲ့ ဓာတ်ပုံတွေ

နေအိမ်မှာ အဝတ်ဗလာနဲ့ လေ့ကျင့်ခန်းလုပ်နေတဲ့ UFC တိုက်ခိုက်ရေးမယ်ရဲ့ ဓာတ်ပုံတွေ

ပေ့ချ် ဗန်ဇန့်ဆိုတဲ့ အသက် (၂၆)နှစ်အရွယ် မိန်းကလေးကတော့ UFC တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ နာမည်ကြီးသူ တစ်ယောက်ပါ။ အမေရိကန်နိုင်ငံသူ အမျိုးသမီးလေးဟာ ကြိုးဝိုင်းအတွင်းမှာ ပြိုင်ဖက်တွေကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ရင်ဆိုင်လေ့ရှိပေမယ့် သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံကတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးပါတယ်။

အခုလည်း ပေ့ချ်က သူမရဲ့ တွစ်တာအကောင့်မှာ နေအိမ်အတွင်း အဝတ်ဗလာနဲ့ လေ့ကျင့်ခန်း လုပ်နေတဲ့ ဓာတ်ပုံတွေကို တင်လိုက်လို့ ပရိသတ်တွေကြား ဆူဆူညံသွားခဲ့ကြပါတယ်။

အဲဒီ ဓာတ်ပုံတွေထဲမှာ ပေ့ချ် တစ်ယောက်တည်းမဟုတ်ပဲ သူမရဲ့ ချစ်သူကလည်း အဝတ်ဗလာနဲ့ လေ့ကျင့်ခန်း လုပ်နေခဲ့တာပါ။ သူတို့နှစ်ယောက်က လေ့ကျင့်ခန်းအစီအစဉ်တွေကို အတူလုပ်နေရုံမကပဲ အဝတ်ဗလာနဲ့ပဲ နှစ်ယောက်အတူ ချက်ပြုတ်နေကြတာပါ။

UFC ပြိုင်ပွဲမှာ (၁၂)ပွဲ ထိုးသတ်ခဲ့ပြီး (၈)ပွဲနိုင်၊ (၄)ပွဲရှုံးခဲ့တဲ့ ပေ့ချ်ဟာ အမေရိကန် တယ်လီဗေးရှင်း အစီအစဉ်တစ်ခုဖြစ်တဲ့ Dancing with the Star အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူမဟာ တိုက်ခိုက်ရေးဖက်မှာတင် ထူးချွန်တာမဟုတ်ပဲ အနုပညာဖက်မှာလည်း ထူးချွန်တယ်ဆိုတဲ့အကြောင်းကို ဖော်ပြသွားခဲ့တာပါ။

၂၀၁၄ ခုနှစ်မှာ လက်ဝှေ့ကြိုးဝိုင်းအတွင်းကို စတင်ဝင်ရောက်လာတဲ့ ပေ့ချ်ဟာ ပထမဆုံး ပြိုင်ပွဲကို ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်မှာတော့ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့လို့ သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အားလုံးက သတိထားမိခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ အားလုံးက သူတို့ရဲ့ နေအိမ်တွေမှာ Covid-19 အတွက် လုံခြုံအောင် နေထိုင်နေကြတဲ့အချိန်မှာ ပေ့ချ်က သူမဟာလည်း Covid-19 ကာလကို အဝတ်ဗလာနဲ့ ရင်ဆိုင်နေတယ်ဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly