အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားတဲ့ နေရာဖြစ်လာပြီးနောက် ဘာသာရေး စုရုံးဝတ်ပြုခဲ့သူတွေကို လိုက်လံရှာဖွေနေ

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်မားတဲ့ နေရာဖြစ်လာပြီးနောက် ဘာသာရေး စုရုံးဝတ်ပြုခဲ့သူတွေကို လိုက်လံရှာဖွေနေ

ဧပြီ ၁

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အကြီးစား ဘာသာရေးစုရုံးဝတ်ပြုမှု လုပ်ခဲ့တာနဲ့ ဆက်စပ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ဒါဇင်များစွာ ရှိကာ သေဆုံးသူ အချို့ ရှိလာပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စုရုံးဝတ်ပြုမှု မှာ ပါဝင်ခဲ့သူတွေကို လိုက်လံရှာဖွေလျက် ရှိနေပါတယ်။

နယူးဒေလီက နီဇာမူဒင်အနောက်ပိုင်းရပ်ကွက်က အစ္စလာမ္မစ် ဘာသာရေးဝတ်ပြုရာဆီ လူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီးနောက်မှာ အဲဒီ အရပ်ဟာ အိန္ဒိယမှာ အဓိက ဗိုင်းရပ်စ် ကူးစက်မှု အဖြစ်များရာ နေရာတွေ ထဲက တစ်နေရာအဖြစ်  ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရပ်ကွက်ဝန်းကျင်မှာ နေထိုင်သူတွေကိုလည်း ဗိုင်းရပ်စ် ပျံ့နှံ့မှာ စိုးရိမ်တာကြောင့် အာဏာပိုင်တွေဟာ စစ်ဆေးစမ်းသပ်ပြီး အထူးဘတ်စ်ကားတွေနဲ့  ရောဂါခြေချုပ် ထားရှိရာ အဆောက်အအုံတစ်ခုဆီ ပို့ဆောင်ခဲ့ပါတယ်။

ဘာသာရေး စုရုံးဝတ်ပြုပြီးနေက်မှာ တစ်ချို့က ၎င်းတို့ နေထိုင်ရာ အခြားပြည်နယ်တွေဆီ ပြန်သွားနိုင်ပေမယ့် ဗိုင်းရပ်စ်ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ပိတ်ထားတာကြောင့် တော်တော်များများကတော့ ပိတ် မိနေပြီး အနီးဝန်ကျင်မှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဘာသာရေးစုရုံးခဲ့ရာ အဆောက်အအုံကို တားမြစ်ကန့်သတ်ထားပြီး တနင်္လာနေ့ နှောင်းပိုင်းနဲ့ အင်္ဂါနေ့တွေမှာ တာဝန်ရှိသူတွေက စောင့်ကြပ်လျက် ရှိနေပါတယ်။

အဲဒီ ဧရိယာအရပ်က လူ ၁၀၀၀ ကျော်ထက်မနည်းကို ရဲတွေက ဘတ်စ်စကားတွေနဲ့ ခေါ်ဆောင်ပြီး လူ ၃၃၅ ဦးကိုတော့ ဆေးရုံတင်ပို့ခဲ့ကာ ကျန်သူတွေကို ရောဂါခြေချုပ်အဖြစ် ထားရှိထားကြောင်း နယူးဒေလီပြည် နယ်ဝန် ကြီးချုပ် ဆတ်ယန်ဒါဂျင်းက သတင်းထောက်တွေကို ပြောပါတယ်။

“ဒါဟာ အလွန်အလွန်ကို အမှားကျုးလွန်လိုက်ကြတာ ဖြစ်တယ်။”လို့ ၎င်းက ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားချိန် ဘာသာရေးစုရုံးကြတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ဘာသာရေးစုရုံးပွဲကို တက်ရောက်ခဲ့သူတွေထဲက အနည်းဆုံး လူ ၁၀ ဦးဟာ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ အကြီးစား ဘာသာရေး စုရုံးမှုဆီ လူပေါင်း ၈၀၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ Press Trust သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly