မဇ္စျိမ မီဒီယာ ကုမ္ပဏီ လိမိတက် - ထုတ်ပြန်ကြေညာချက်

မဇ္စျိမ မီဒီယာ ကုမ္ပဏီ လိမိတက် - ထုတ်ပြန်ကြေညာချက်

သက်ဆိုင်သူအားလုံးသို့

မဇ္စျိမ ရန်ကုန်ရုံး https://goo.gl/maps/fEeGKzYK2d7G4f4n8 သည် “Self-Lock-Down” (မဇ္စျိမရုံးဝင်း အဝင်အထွက်များ ပိတ်၍ သီးသန့် အလုပ်လုပ်ခြင်း) အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ရက် (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နံနက် ၉နာရီခွဲတွင် စတင်မည်ဖြစ်ကာ၊ နောက်ထပ် ကြေညာချက် မထုတ်ပြန်မခြင်း ဤအစီအစဉ်ကို အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

ဆိုလိုသည်မှာ

(၁) မဇ္စျိမ မီဒီယာ၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများကို အထိခိုက်ခံလိမ့်မည်မဟုတ်ဘဲ၊ မဇ္စျိမ မီဒီယာ ပလက်ဖောင်း (တီဗွီရုပ်သံလှိုင်း၊ ဖေ့စ်ဘွတ်၊ ဝက်ဘ်ဆိုဒ်၊ ပုံနှိပ်ဗားရှင်း နှင့် OTT) တို့တွင် သတင်း/အချက်အလက်များ နှင့် ဖျော်ဖြေရေး အစီအစဉ်များကို ယခင်ကအတိုင်း ဆက်လက်၍ (တတ်နိုင်သမျှ) ထုတ်လုပ် တင်ဆက်သွားရန် ကြိုးပမ်းမည်ဖြစ်သည်။

(၂) (မဇ္စျိမ နေ့စဉ် လုပ်ငန်းစဉ်များ လည်ပတ်နိုင်ရန်အတွက် လိုအပ်သော မဇ္စျိမဌာနများမှ) သီးသန့် ဝန်ထမ်းအင်အားစုသည် မဇ္စျိမရန်ကုန်ရုံးတွင် လုပ်ငန်းဆောင်ရွက်ကြမည် ဖြစ်သည်။ "Lock-down" စာရင်းထဲတွင် ပါဝင်ကြသည့် မဇ္စျိမဝန်ထမ်းများသည် “Star City” ၏ အပြင်သို့ ထွက်ခွင့် မရှိသလို၊ ပြင်ပမှလည်း မည်သူမျှ “Mizzima” ရန်ကုန် ရုံးအတွင်းသို့ လာရောက်ခွင့်မရှိပေ။ ကျန်မဇ္စျိမဝန်ထမ်းများမှာမူ နေအိမ်များမှနေ၍ အလုပ်လုပ်ကြရမည်ဖြစ်ကာ၊ ၄င်းတို့၏ တာဝန်များမှာ ယခင်ကအတိုင်း ပုံမှန်တာဝန်များ ဖြစ်သည်။

(၃) ဝန်ထမ်းများ နေထိုင်ရန် နှင့် အလုပ်လုပ်ရန်အတွက် Star City တွင် မဇ္စျိမသည် အခန်းနှစ်ခန်း ငှားရမ်းထားသည်။ မဇ္စျိမသည် သန်လျင်တွင်လည်း အိမ်တစ်လုံး ငှားရမ်းထားပြီး (မဇ္စျိမရန်ကုန်ရုံးမှနေ၍ မော်တော်ဆိုင်ကယ်ဖြင့် သွားလျှင် ၅ မိနစ်ကျော် ကြာမည့် အကွာအဝေးတွင်ရှိသည်။) ထိုအိမ်တွင် မဇ္စျိမ၏ “Live Reporting” အဖွဲ့ နေထိုင်ကာ လုပ်ငန်းဆောင်ရွက်ကြမည် ဖြစ်ပြီး (၄င်းတို့သည် မဇ္စျိမရန်ကုန်ရုံးသို့ လာရောက်ကြမည် မဟုတ်ပေ။) ထိုနေရာများတွင် အခြေခံ အစားအသောက်များ၊ သယ်ယူပို့ဆောင်ရေး၊ကွန်ပြူတာနှင့် အင်တာနက်တို့ကို စီစဉ်ပေးထားမည် ဖြစ်သည်။ မဇ္စျိမ ဝန်ထမ်းအင်အားစုလိုက်နာရမည့် လမ်းညွှန်ချက်များကို မဇ္စျိမ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး/အုပ်ချုပ်ရေး အဖွဲ့တို႔က ပြဌာန်းထုတ်ပြန်ပေးထားသည်။ ဤအကျပ်အတည်းအတွင်း ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် အဓိက သော့ချက်မှာ စည်းကမ်းရှိခြင်း နှင့် သန္နိဋ္ဌာန်ခိုင်မာခြင်းတို့ပင် ဖြစ်သည်။

(၄) မဇ္စျိမ ဌာန အသီးသီးမှ ဝန်ထမ်းများကို အုပ်စု နှစ်ခု ခွဲခြားထားမည်ဖြစ်ကာ၊ အုပ်စုတစ်ခုစီသည် မဇ္စျိမရန်ကုန်ရုံးတွင် ၁၄ ရက် အလုပ်လုပ်ကြရမည် ဖြစ်သည်။ (၁၄ရက် အလုပ်လုပ်ပြီးနောက်) မဇ္စျိမရန်ကုန်ရုံးသို့ အခြားအုပ်စု မလာရောက်မီတွင် ရန်ကုန်ရုံးကို ပိုးသတ်ဆေးဖျန်းခြင်းဖြင့် သန့်ရှင်းရေး လုပ်မည် ဖြစ်သည်။ ထို့ပြင် ၁၄ရက် အလုပ်လုပ်ပြီးနောက် ရုံးမှထွက်ခွာမည့် ဝန်ထမ်းအင်အားစု နှင့်၊ ရုံးသို့ လာရောက်မည့် ဝန်ထမ်းအင်အားစုတို့ကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

(၅) (ဧပြီလ တစ်ရက်နေ့မှ စတင်မည့်) “Lock-down” ကာလအတွင်းတွင် မဇ္စျိမရန်ကုန်ရုံးသို့ မည်သည့် အပြင်လူကိုမှ လာခွင့်ပြုမည် မဟုတ်ပေ။ အထူးခြွင်းချက်ဖြင့်လာရောက်ရန် လိုအပ်မည့် အရေးပေါ်အခြေအနေရှိပါက မဇ္စျိမ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး/အုပ်ချုပ်ရေး မန်နေဂျာ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူရမည်ဖြစ်ကာ မလာရောက်မီတွင် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှု များနှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။

(၆) မဇ္စျိမ မီဒီယာကို အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

မိုဘိုင်းဖုန်း– 09421010101
Skype – mizzimamedia
What’s App - +95-9421010100
Viber - +95-9421010100
Email – [email protected], [email protected]

မဇ္စျိမ ဖေ့စ်ဘွတ် (မြန်မာဘာသာ)
https://web.facebook.com/MizzimaDaily/?epa=SEARCH_BOX

အထွေထွေမန်နေဂျာ - ဒေါ်အေးသက်လှိုင် (မိုဘိုင်းဖုန်း - 09253868192)

လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး/အုပ်ချုပ်ရေး မန်နေဂျာ - ဒေါ်အေးမြဦး (မိုဘိုင်းဖုန်း – 09977073131)

မဇ္စျိမ မီဒီယာ ဂရု - မတ် ၃၀ (၂၀၂၀)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly