Covid-19 ဖြစ်နေတဲ့အချိန်မှာမှ ဆားဘီးယား ပြန်သွားမိလို့ ပြဿနာတက်နေတဲ့ ဂျိုဗစ်

Covid-19 ဖြစ်နေတဲ့အချိန်မှာမှ ဆားဘီးယား ပြန်သွားမိလို့ ပြဿနာတက်နေတဲ့ ဂျိုဗစ်
Photo: EPA

ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှူး ဂျိုဗစ် ကတော့ Covid-19 အတွက် နိုင်ငံတိုင်းမှာ တင်းကြပ်မှုတွေ လုပ်နေချိန် သူ့ရဲ့မွေးရပ်မြေ ဆားဘီးယားနိုင်ငံဆီ ပြန်သွားမိခဲ့လို့ ပြဿနာ တက်နေပါပြီ။

ဂျိုဗစ် ဟာ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ခံယူခဲ့တာဖြစ်ပြီး သူ့ဆီမှာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိဘူး ဆိုတဲ့အကြောင်း ဆေးစစ်ချက်အဖြေ ထွက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ သူက မွေးရပ်မြေဖြစ်တဲ့ ဆားဘီးယားနိုင်ငံဆီ ပြန်ဖို့ စီစဉ်ခဲ့ပြီး သူ့ရဲ့ချစ်သူနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ဂျိုဗစ် ပြန်ရောက်လာတဲ့အချိန်မှာပဲ ဆားဘီးယားနိုင်ငံအတွင်းမှာ Covid-19 အန္တရာယ် ခြိမ်းခြောက်နေပြီဖြစ်ပြီး ကူးစက်ခံရသူပေါင်း (၁၈၈)ယောက်နဲ့ သေဆုံးသူ (၂)ဦး ရှိသွားခဲ့ပါပြီ။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by Luka Jovic (@lukajovic) on

ဆားဘီးယားနိုင်ငံရဲ့ သမ္မတကိုယ်တိုင်က စပိန််လို Covid-19 ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ ဂျိုဗစ် ကို သီးသန့်ထား စစ်ဆေးဖို့ ညွှန်ကြားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်အတွက် စောင့်ကြည့်စာရင်းထဲမှာ ထည့်ထားလိုက်တာပါ။

ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ဂျိုဗစ် ဆီမှာသာ ရောဂါပိုးတွေ့တယ်ဆိုရင် သူ့ကို အရေးယူသင့်တယ်လို့ တိုက်တွန်းမှုတွေ ရှိနေကြပါပြီ။

ဂျိုဗစ်ရဲ့ ဖခင်ဖြစ်သူကတော့ သူ့သားဟာ စပိန်မှာ ရောဂါပိုးကင်းရှင်းကြောင်း စစ်ဆေးခံထားခဲ့သူဖြစ်ပြီး တကယ်လို့ သူ့သားဆီမှာ အပြစ်ရှိတယ်လို့ ယူဆရင်လည်း ထောင်ဒဏ်ကျခံဖို့အထိ အသင့်ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

@sofijamilo

A post shared by Luka Jovic (@lukajovic) on

ဂျိုဗစ်ရဲ့ ဖခင်ဖြစ်သူ မီလန် နဲ့ Marca သတင်းစာရဲ့ အင်တာဗျူးမှာတော့

“ဂျိုဗစ်တို့ နှစ်ယောက်စလုံးက ဗိုင်းရပ်စ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ထွက်လာခဲ့ပြီးသားပါ။ ဒါကြောင့်လည်း သူ့အနေနဲ့ ဆားဘီးယားဆီ ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ အခုကတော့ သူဟာ ပြစ်မှုကြီးကြီးမားမား ကျူးလွန်လိုက်သလို ဝိုင်းပြီး ပြောဆိုနေကြတာပါပဲ။ သူ့အနေနဲ့ ဒီလို ပြန်လာမိလို့ ထောင်ကျခံရမယ်ဆိုရင်လည်း ထောင်ကျခံဖို့အသင့်ပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ ဆားဘီးယားဝန်ကြီးချုပ်၊ သမ္မတတို့နဲ့ သဘောထားချင်းအတူတူပါ။ တကယ်လို့ သူ့ကိုအပြစ်ပေးမယ်ဆိုရင်တောင်မှ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ထောက်ခံသွားမှာပါ”  လို့ ဖြေဆိုသွားခဲ့ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by Luka Jovic (@lukajovic) on

ဂျိုဗစ်ရဲ့ ချစ်သူဖြစ်တဲ့ ဆိုဖီယာ ဟာ လက်ရှိအချိန်မှာ ရင်သွေးလေး လွယ်ထားရပြီး လက်ရှိအချိန်မှာ သူမရဲ့မွေးနေ့ပွဲကျင်းပဖို့အတွက် အပြင်မထွက်နိုင်တော့ပဲ စောင့်ကြည့်အခန်းထဲမှာ နေထိုင်နေရပြီလို့ မီလန်က ထပ်မံပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags