ဝိန်းရွန်နီက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလာကို ဆွတ်ခူးဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေပြီး တန်းတက်၊ တန်ဆင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေကို ဆုံးဖြတ်ဖို့အတွက် ဘောလုံးရာသီကို ပြီးဆုံးနိုင်ဖို့ လိုအပ်တယ်လို့ အခိုင်အမာပြောဆိုသွားပါတယ်။
ပရီးမီးယားလိဂ်ဘောလုံးရာသီကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အနည်းဆုံး မေ ၂ ရက်အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ဖလားရယူဖို့ ၆ မှတ်သာ လိုအပ်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်ကြယ်ပွင့်ကစားသမားဟောင်းက ကြိုးကြာနီတို့ဟာ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ပြီး ရာသီဖျက်သိမ်းခြင်းကို မပြုလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
"လီဗာပူလ်က ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ပါလိမ့်မယ်။ သူတို့က အရမ်းကောင်းခဲ့တာပါ။ အများကြီးကြိုးစားအားထုတ်ခဲ့ပြီး ဒီဆုဖလားနဲ့လည်း ထိုက်တန်ပါတယ်။ နှစ်ပေါင်း ၃၀ လောက် စောင့်ဆိုင်းလာခဲ့ပြီးမှ ဒီလိုအခြေအနေမျိုးမှာ ပယ်ဖျက်ခံရမယ်ဆိုရင် သူတို့ ဘယ်လောက် ခံစားရမလဲဆိုတာ ခင်ဗျားတို့ မြင်ယောင်ကြည့်လိုက်ပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုပဲ ချမှတ်သွားရမှာပါ။"လို့ ရွန်းနီက The Times မှာ သူ့ရဲ့ အပတ်စဉ်ကော်လံမှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းက ဘောလုံးလောကမှာ အကြီးကျယ် ထိခိုက်ပျက်ဆီးစေခဲ့ပြီး လိဂ်ပြိုင်ပွဲအများစုနဲ့ ပြိုင်ပွဲများကို ရွှေ့ဆိုင်းတဲ့အထိဖြစ်ခဲ့ရပါတယ်။
Ref; Goal