ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးလာလို့ ဘန်ကောက်မှာ ရှော့ပင်းမောလ်တွေ ပိတ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးလာလို့ ဘန်ကောက်မှာ ရှော့ပင်းမောလ်တွေ ပိတ်မည်

မတ်လ ၂၂။                 ။ ထိုင်းနိုင်ငံမှာ စနေနေ့ (မတ်လ ၂၁ ရက်)က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တနေ့တည်း ကူးစက်ခံရသူသစ် (၈၉)ဦးနဲ့ အများဆုံးအဖြစ် မြင့်တက်ခဲ့ပြီးနောက် ယခုအခါ ယင်းနိုင်ငံမှာ ကူးစက်ခံရသူဦးရေစုစုပေါင်း (၄၁၁)ဦးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ကူးစက်ခံထားရသူတွေအနက် ၃၆၆ ဦးကတော့ လက်ရှိမှာ ကုသမှုခံယူနေရဆဲဖြစ်ပြီး ၄၄ ဦး ပြန်လည်သက်သာသွားပြီလို့ သိရပါတယ်။

နိုင်ငံမှာတော့ ယင်းဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသာ သေဆုံးထားတယ်လို့ သိရပါတယ်။

ဘန်ကောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် မတ်လ ၂၂ ရက်ကနေ ဧပြီ ၁၂ ရက်အထိ စူပါမားကတ်တွေကလွဲလို့ ေရှာ့ပင်းမောလ်တွေကို ၂၂ ရက်ကြာ ပိတ်ထားမယ်လို့ ဘန်ကောက်အုပ်ချုပ်ရေး မှူး Aswin Kwanmuang က ပြောသွားပါတယ်။

“ နေ့စဉ် အသုံးပြုဖို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အစားအသောက် ရောင်းတဲ့ ဧရိယာတွေကိုပဲ ဖွင့်ထားပေးမှာဖြစ်ပါတယ်” လို့ Aswin က ဖေ့ဘွတ်ခ်ကနေ တိုက်ရိုက် live လွှင့်ပြောသွားခဲ့ပါတယ်။

ပိတ်သိမ်းမှု ကြေညာချက်ထဲမှာတော့ လက်ဝှေ့အားကစားရုံတွေ၊ ဗြူးတီးဆလွန်းတွေလည်း ပါဝင်ပါတယ်။ ယခု ပိတ်ပင်မှုအမိန့်ကို ချိုးဖောက်သူတွေအနေနဲ့ ထောင်ဒဏ် တစ်နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် တစ်သိန်းအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

ဘန်ကောက်မှာတော့ စာသင်ကျောင်းတွေနဲ့ ဘားတွေ ပိတ်ထားမှုကို နောက်ထပ် ၂၂ ရက် သက်တမ်းတိုးသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly