တောင်တရုတ်ပင်လယ်အတွင်း ဒေသတွင်းနိုင်ငံများအဖို့ အမေရိကန်၏ လုံခြံုရေးတပ်ဖွဲ့များ ပိုမိုလိုအပ်လာ

တောင်တရုတ်ပင်လယ်အတွင်း ဒေသတွင်းနိုင်ငံများအဖို့ အမေရိကန်၏ လုံခြံုရေးတပ်ဖွဲ့များ ပိုမိုလိုအပ်လာ

တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုများက အမေရိကန် လုံခြုံရေးတပ်ဖွဲ့များ ရှိရေး ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်ကို ပိုမိုမြင့်မားလာစေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာလ ၁ရက်နေ့တွင် ပြောကြားခဲ့သည်။

‘တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတဲ့ ပိုင်ဆိုင်ကြောင်းပြောဆိုချက်တွေကို အာရုံစိုက်လာမှု၊ ဒီငြင်းပွားမှုတွေရဲ့ အရေးကြီးမှုက ဒေသတွင်းနိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ ပိုပြီးပြင်းပျထက်သန်လာစေတယ်’ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာက အဆင့်မြင့် လုံခြုံရေးဆွေးနွေးပွဲအတွက် တောင်ကိုရီးယားသို့ သွားရန်ပြင်ဆင်နေချိန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကာတာက ဆက်လက်ပြီး မလေးရှားနိုင်ငံတွင် ကျင်းပမည့် လာမည့် ကာကွယ်ရေးထိပ်သီးညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများထဲတွင်   တောင်တရုတ်ပင်လယ် အတွင်းမှ   ပြဿနာများ ပါဝင်မည်ဖြစ်ပြီး၊ အထူးသဖြင့် ယမန်နှစ်အတွင်းတွင် တရုတ်၏ ကျွန်းတုများဖော်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများမှာ ယခင်က မကြုံဖူးသည့်နှုန်းဖြင့် မြင့်မားလာနေသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly