ကိုရိုနာကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေ ရပ်နားထားချိန်မှာ VR နည်းပညာအသုံးပြုပြီး နေအိမ်မှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ပရီးမီးယားလိဂ်ကစားသမားများ

ကိုရိုနာကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေ ရပ်နားထားချိန်မှာ VR နည်းပညာအသုံးပြုပြီး နေအိမ်မှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ပရီးမီးယားလိဂ်ကစားသမားများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်ရေးအစီအစဉ်တွေကို ရွှေ့ဆိုင်းရပ်နားထားတဲ့ ကာလအတွင်း ပရီးမီးယားလိဂ်ကြယ်ပွင့် ကစားသမားအများအပြားဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ နည်းစနစ်ကို ထိန်းထားဖို့ Virtual Reality (VR) ပုံရပ်ယောင်နည်းပညာနဲ့ လေ့ကျင့်ခန်းဆင်းနေကြပါတယ်။

ဇယားဦးဆောင်သူ လီဗာပူးလ်တို့ အပါအဝင် ထိပ်တန်းအသင်းအများအပြားဟာ သူတို့ရဲ့ ကစားသမားတွေကို လေ့ကျင့်ရေးအစီအစဉ်ကနေ ဝေးဝေးနေရန်နဲ့ ဘယ်အချိန် လေ့ကျင့်ခန်း ပြန်ဆင်းရမယ့်အချိန် မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ကစားသမားတွေဟာ မန်ချက်စတာအခြေစိုက် ကုမ္ပဏီ Rezzil ထံကနေ ပုံရပ်ယောင်နည်းပညာရယူပြီး သူတို့ရဲ့ နေအိမ်တွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။

Headset တစ်ခုနဲ့ ခြေထောက် sensors တွေ ပါဝင်တဲ့ ဒီနည်းပညာ ကိရိယာဟာ ဒဏ်ရာကစားသမားတွေအကြား ရေပန်းစားနေပြီး သီးသန့်ခွဲခြားထားတဲ့ ကာလအတွင်းမှာ စွမ်းဆောင်ရည်တွေကို ထိန်းသိမ်းပေးရာမှာ ကစားသမားတွေကို အကူအညီပေးနိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကြီး (၆)ကြီးအသင်းတွေမှာ အဲဒီကိရိယာ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲလ်ကို သူတို့ရဲ့ လေ့ကျင့်ရေးကွင်းတွေမှာ တပ်ဆင်ထားနှင့်ပြီးဖြစ်ကာ အခုအခါကျန်အသင်းတွေကလည်း ဒီနည်းနဲ့ လေ့ကျင့်လာကြပါတယ်။

Developer တွေပြောတာက VR ဟာ ကစားသမားတွေကို ပွဲတွင်း (360) ဒီဂရီမြင်ကွင်းကို မြင်စေနိုင်ပြီး ပွဲတစ်ပွဲမှာ ဝင်ကန်နေရသလို တကယ့်အစစ်မှန် ခံစားချက်နဲ့ အသိပညာကို ပေးစွမ်းနိုင်တယ်လို့ ပြောပါတယ်။

မန်စီးတီးအသင်းခေါင်ဆောင်ဟောင်း ကွန်ပနီဟာ Rezzil ကုမ္ပဏီမှာ နည်းစနစ်ဗျူဟာပိုင်း အကြံပေးတစ်ဦးအဖြစ် တာဝန်ယူထားတယ်လို့ သိရပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly