မန်ယူအသင်း ကစားသမားဟောင်း နှစ်ယောက်ဖြစ်ကြတဲ့ နောက်ခံလူ ဂယ်ရီနဗီးလ်နဲ့ ကွင်းလယ်လူ ရွိုင်ယန်ဂစ် တို့ကတော့ သူတို့ ပူးတွဲပိုင်ဆိုင်တဲ့ ဟိုတယ်ကို Covid-19 ဝေဒနာရှင်တွေအတွက် ကူညီဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဂယ်ရီနဗီးလ်က သူ့ရဲ့ တွစ်တာအကောင့်ကနေ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေအတွက် သူတို့ရဲ့ဟိုတယ်ကို အခမဲ့ပေးသုံးမှာဖြစ်ကြောင်း အသိပေးခဲ့ပြီး ဟိုတယ်ဝန်ထမ်းတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်မှု မရှိအောင် ကာကွယ်ပေးသွားမယ့်အကြောင်း အသိပေးလိုက်ပါတယ်။
Former Manchester United and England defender Gary Neville is to open his hotels free of charge to health workers to help with the coronavirus crisis.
Full story https://t.co/kNPTjbz0vQ #bbcfootball #NHS pic.twitter.com/ZoA7yPgO4n
— BBC Sport (@BBCSport) March 18, 2020
သူတို့နှစ်ဦးဟာ အင်္ဂလန်မှာ ဟိုတယ်နှစ်လုံးအထိ ပူးတွဲပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး သူတို့ရဲ့ GG ဟိုတယ်လုပ်ငန်းစုဟာ တဖြည်းဖြည်းနာမည်တက်လာခဲ့တာပါ။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟိုတယ်နဲ့ပတ်သက်တဲ့ စတော့ရှယ်ယာတွေကို သူတို့နှစ်ဦးက ရပ်ဆိုင်းပစ်လိုက်ပြီး ဟိုတယ်နှစ်ခုစလုံးကို ပိတ်လိုက်မှာဖြစ်ကြောင်းနဲ့ အဲဒီဟိုတယ်တွေကို ကျန်းမာရေးဝန်ထမ်းတွေအတွက် အခမဲ့အသုံးပြုဖို့ ကူညီသွားမှာဖြစ်ကြောင်း အသိပေးလိုက်တာပါ။
Gary Neville and Ryan Giggs to close Hotel Football and Stock Exchange - and offer rooms to NHS staff https://t.co/RiwOnW2vTq
— Manchester News MEN (@MENnewsdesk) March 18, 2020
ဒါပေမယ့် ဝန်ထမ်းတွေအနေနဲ့ ဒီဟိုတယ်တွေမှာ ဆက်ပြီးအလုပ်လုပ်နိုင်ကြောင်းနဲ့ သူတို့ရဲ့ လုပ်ခလစာကို ဆက်လက်ပေးချေသွားမှာဖြစ်ကြောင်း နဗီးလ်က ပြောပြထားပါတယ်။
Gary Neville has closed his hotels & he will hand them over to the NHS.
Not a single member of staff will face redundancies & all will receive full payOutstanding
pic.twitter.com/e286fmiRlI— Ben (@BenJolly9) March 18, 2020
တွစ်တာပေါ်ကနေ ဖြန့်ဝေလိုက်တဲ့ ဗီဒီယိုထဲမှာ နဗီးလ်က သူတို့ရဲ့ ဟိုတယ်လုပ်ငန်းစုဟာ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး Covid-19 ဗိုင်းရပ်စ်ကြောင့် ခရီးသွားတွေ မရှိသလောက်ဖြစ်သွားခဲ့ကြောင်းနဲ့ သူတို့နှစ်ဦးအနေနဲ့ ဟိုတယ်တွေကို ဆက်လက် ဖွင့်ထားဖို့ထက် ဗိုင်းရပ်စ်တားဆီးရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း ပြောဆိုသွားခဲ့ပါတယ်။
နဗီးလ်နဲ့ဂစ် တို့ ပူးတွဲပိုင်ဆိုင်ကြတဲ့ Manchester Hotel Football ကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ကူညီပေးသွားမှာဖြစ်ပြီး အဲဒီမှာ အဆင်သင့်ပြင်ထားတဲ့ ကုတင် (၁၇၆)လုံးအထိ ရှိကြောင်း နဗီးလ်က အသိပေးသွားခဲ့ပါတယ်။