အာစင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်း၏ ဂိုး ၂၀၀၀ မြောက်သွင်းဂိုး ဂီရော့ဒ်သွင်းယူ

အာစင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်း၏ ဂိုး ၂၀၀၀ မြောက်သွင်းဂိုး ဂီရော့ဒ်သွင်းယူ

ဆွမ်ဆီးအသင်းကို အာဆင်နယ်အသင်းက ဝ-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် တိုက်စစ်မှူးဂီရော့ဒ်သွင်းယူခဲ့သည့် ပထမဆုံးအဖွင့်ဂိုးသည် နည်းပြအာစင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်း၏ ဂိုး ၂,၀၀၀ မြောက်သွင်းဂိုး ဖြစ်သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ် အောက်တိုဘာလက စတင်တာဝန်ယူခဲ့ပြီး ၁၉ နှစ်တာ ကာလအတွင်း သွင်းဂိုးပေါင်း ၂,၀၀၂ ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူပေးခဲ့သူမှာ တိုက်စစ်မှူး အီယန်ရွိုက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ဘလက်ဘန်းအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အာစင်ဝင်းဂါးအတွက် ဂိုးအများဆုံးသွင်းယူပေးခဲ့သည့်တိုက်စစ်မှူးမှာ အွန်နရီဖြစ်ပြီး ဂိုးပေါင်း ၂၂၈ ဂိုးအထိသွင်းယူပေးခဲ့သည်။ အာဆင်နယ်၏ဂန္ထဝင်တိုက်စစ်မှူး အွန်နရီသည် ၁၉၉၉ မှ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့သည့်ကာလအတွင်း ထိုဂိုးအရေအတွက်ကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အွန်နရီ၏နောက်တွင် ဗန်ပါစီက ၁၃၂ ဂိုး၊ ဒင်းနစ်ဘားကမ့်က ၁၀၂ ဂိုး၊ ရောဘတ်ပီရက်စ်က ၈၄ ဂိုး၊ ဝဲလ်ကော့က ဂိုး ၈၀ ဖြင့် အများဆုံး သွင်းယူပေးခဲ့ကြသည်။

အာဆင်နယ်အသင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့သည့်အသင်းမှာ မြို့ခံပြိုင်ဘက် စပါးအသင်းဖြစ်ပြီး ၈၈ ဂိုးသွင်းယူခဲ့သည်။

အာစင်ဝင်းဂါး၏ လက်ထက်တွင် အာဆင်နယ်အသင်းသည် ယခုအချိန်အထိ ပွဲပေါင်း ၁,၀၈၃ ပွဲ ကစားခဲ့ပြီး ၆၂၄ ပွဲနိုင်၊ ပွဲ ၂၅၀ သရေကျပြီး ၂၀၉ ပွဲရှုံးနိမ့်ခဲ့သည်။ ဂိုးပေါင်း ၂,၀၀၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁,၀၄၇ ဂိုး ပြန်ပေးခဲ့ရသည်။ ထည့်သွင်းတွက်ချက်ထားသည့်ပွဲများမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ချန်ပီယံလိဂ်ခြေစစ်ပွဲ၊ ယူရိုပါလိဂ်နှင့် ကွန်မြူနတီဒိုင်း ပွဲစဉ်များဖြစ်သည်။

အမှတ်တရသွင်းဂိုး သွင်းယူခဲ့ကြသူများ

-----------------------------------------

ပထမဆုံးဂိုး - အီယန်ရွိုက် (ဘလက်ဘန်းနှင့်ပွဲ ၁၉၉၆)

ဂိုး ၅၀ - တိုနီအဒမ် (လက်စတာနှင့်ပွဲ ၁၉၉၇)

ဂိုး ၁၀၀ - အိုဗားမားစ် (လိဒ်ယူနိုက်တက်နှင့်ပွဲ ၁၉၉၈)

ဂိုး ၅၀၀ - အွန်နရီ (ဝက်ဖို့ဒ်နှင့်ပွဲ ၂၀၀၂)

ဂိုး ၁,၀၀၀ - ရီယက်စ် (မန်စီးတီးနှင့်ပွဲ ၂၀၀၆)

ဂိုး ၂,၀၀၀ - ဂီရော့် (ဆွမ်ဆီးနှင့်ပွဲ ၂၀၁၅)

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly