ပရီမီးယားလိဂ်ဖလားအောင်ပွဲခံတာကို ပရိသတ်တွေ ကြည့်ရှုခွင့်မရမှာကို စိတ်ပျက်မိမှာဆိုတဲ့ ဗန်ဒိုက်

ပရီမီးယားလိဂ်ဖလားအောင်ပွဲခံတာကို ပရိသတ်တွေ ကြည့်ရှုခွင့်မရမှာကို စိတ်ပျက်မိမှာဆိုတဲ့ ဗန်ဒိုက်
Photo: EPA

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ကိုရိုနာဗိုင်းရပ်စ်ပြဿနာဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်မယ့် အမှတ်ပေးဖလားအောင်ပွဲခံတာကို ပရိသတ်တွေ ကြည့်ရှုခွင့်မရဘူးဆိုရင် သူ့အနေနဲ့ “တကယ် စိတ်ပျက်မိ”မယ်လို့ ဝန်ခံလိုက်ပါတယ်။

ကြိုးကြာနီတို့ဟာ (၂၅)မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်နေပေမယ့် နိုင်ငံတစ်ဝှမ်း ဘောလုံးပွဲစဉ်တွေကို ဧပြီ ၃ ရက်နေ့အထိ ဆိုင်းငံ့ထားလိုက်ပါတယ်။

ပွဲစဉ်တွေကို ကစားဖို့ ဖြစ်နိုင်တာက ပရိသတ်တွေ မပါဘဲ သတ်မှတ်ထားတဲ့ ပွဲစဉ်ဇယားကို အပြီးသတ်နိုင်ဖို့ နည်းလမ်းတွေထဲက တစ်ခုအဖြစ် အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။

"ဘယ်သူမှ ပရိသတ်မပါဘဲ ပွဲတွေ ကစားချင်မှာ မဟုတ်ပါဘူး။"လို့ အသက် ၂၈ နှစ်အရွယ်ရှိ ဗန်ဒိုက်က ပြောပါတယ်။

"တကယ်လို့သာ လူမရှိတဲ့ ကွင်းကြီးထဲမှာ ကျနော်တို့ ဆုဖလားရယူရမယ်၊ ပရိသတ်တွေကလည်း အဲဒီမှာ မရှိခဲ့ဘူးဆိုရင် ကျနော် သူတို့အတွက် တော်တော်ကြီး စိတ်မကောင်းဖြစ်မိမှာပါ။"

"အန်ဖီးလ်မှာ ပရိသတ်တွေ မရှိခဲ့ဘူးဆိုရင်တော့ နည်းနည်း ဖီးလ်ကြဲတာပေါ့။

"ကျနော်တို့ ဒီကနေ ဘယ်လိုဆက်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချခင်အထိ ဒါကို ကျနော်တို့ ကိုင်တွယ်ဖြေရှင်းဖို့သာ လိုပါတယ်။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်လာဖြစ်လာ ကျနော်တို့ ပရိသတ်တွေအတွက်တော့ ဆုဖလားကို ကျနော်တို့ ယူဆောင်ပေးမယ်ဆိုတာကတော့ အတိအကျပါပဲ။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly