ချယ်လ်ဆီးနည်းပြအဖြစ် ဆက်လက်တာဝန်ပေးခံရမည်ဟု မော်ရင်ဟိုယုံကြည်

ချယ်လ်ဆီးနည်းပြအဖြစ် ဆက်လက်တာဝန်ပေးခံရမည်ဟု မော်ရင်ဟိုယုံကြည်

လီဗာပူးလ်အသင်းကိုအရေးနိမ့်ကာ လက်ရှိရာသီပရီးမီးယားလိဂ် ခြောက်ပွဲမြောက်အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် ချယ်လ်ဆီးအသင်းကို ပြောင်းလဲရန် နည်းပြအဖြစ် အချိန်ပေးခံရလိမ့်ဦးမည်ဟု   မော်ရင်ဟိုက ယုံကြည်နေသည်။

လိဂ်ဖလားပြိုင်ပွဲမှလည်းထွက်ခဲ့ရသော လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသည် စနေနေ့တွင် အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့်ရှုံးပွဲကြုံပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၅ သို့ရောက်နေသည်။

လီဗာပူးလ်နှင့်ပွဲမှာ ၎င်းအတွက် နောက်ဆုံးကိုင်တွယ်ခွင့်ရသည့်ပွဲဖြစ်လာမည်လားဆိုသည့်မေးခွန်းကို မော်ရင်ဟိုက "မဟုတ်ပါဘူး။ ပရိသတ် တွေက မရူးမိုက်ကြပါဘူး။ ကျွန်တော့်အကြောင်းသူတို့တော်တော်လေးသိတဲ့အပြင် ကစားသမားတွေကြိုးစားနေကြတာကိုလည်း သိကြပါ တယ်"ဟု ဘီဘီစီသို့ ပြန်လည်ဖြေကြားသည်။

ချယ်လ်ဆီးနည်းပြအဖြစ် ပရီးမီးယားလိဂ်တစ်ရာသီလုံး ခြောက်ပွဲထက်ပိုမရှုံးဖူးသည့် မော်ရင်ဟိုက ၎င်းကိုယ်တိုင်နှင့် အသင်းသည် ဆက်လက်တိုက်ပွဲဝင်ဦးမည်ဟု ပြောသည်။

"ဆက်တိုက်နေဦးမှာပဲ။ ဒါပေမဲ့တစ်ခါတလေကျတော့ အနိုင်ရဖို့မဖြစ်နိုင်တဲ့ တိုက်ပွဲတွေလည်းရှိတတ်တယ်။ မတူညီတဲ့လက်နက်တွေနဲ့ တိုက်ရမယ်"ဟု ပွဲအပြီးတွင်နည်းပြအဖွဲ့နှင့်ဆွေးနွေးနေပုံကို ဓါတ်ပုံအရိုက်ခံခဲ့သည့် မော်ရင်ဟိုက ပြောသည်။

ချယ်လ်ဆီးအသင်းသည် ရာမီယက်စ်၏ ခေါင်းတိုက်ဂိုးဖြင့် ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့သည်။ သို့သော် ကော်တင်ဟို၏သွင်းဂိုးနှစ်ဂိုး၊ ဘန်တီကီ၏ဂိုးတစ်ဂိုးတို့ကြောင့် ဂျာဂင်ကလော့ပ်၏လီဗာပူးလ်အသင်းက သုံးမှတ်ရသွားခဲ့သည်။

ပွဲအပြီးတွင် ဘီတီစပို့စ်နှင့်အင်တာဗျူး၌ အသင်းသားများ၏စွမ်းဆောင်ရည်၊ ၎င်း၏အနာဂါတ်နှင့်ပတ်သက်သည့် မေးခွန်များကို ဖြေဆိုရန်မရှိဟုသာ ခေါင်းတခါခါနှင့် ထပ်တလဲလဲ ဖြေကြားသွားခဲ့သည်။

ဘီဘီစီ၏အင်တာဗျူးတွင် လီဗာပူးလ်ကွင်းလယ်လူ လူးကပ်စ်ဒုတိယမြောက်အဝါကတ်အပြမခံရခြင်းနှင့်ပတ်သက်သည့် မေးခွန်းအတွက် လည်း ပြောစရာမရှိဟု မော်ရင်ဟိုကဆိုခဲ့ပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင်မူ ၎င်း၏အမြင်ကိုထုတ်ပြောပါက ဆိုဆုံးမခံရမည်ကြောက်သည်ဟု ဖြည့်စွက်ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly