ရီးယဲလ်နှင့်ပွဲတွင် မက်ဆီကို အရဲစွန့်အသုံးပြုမည်မဟုတ်ဟု အင်းနရစ်ပြောကြား

ရီးယဲလ်နှင့်ပွဲတွင် မက်ဆီကို အရဲစွန့်အသုံးပြုမည်မဟုတ်ဟု အင်းနရစ်ပြောကြား

စပိန်၊ အောက်တိုဘာ ၃၁ ။                 ။ ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် အယ်လ်ကလက်စီကိုဒါဘီတွင် မက်ဆီကို အရဲစွန့်အသုံးပြုမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းက လက်စ်ပါးမက်စ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့သည့်စက်တင်ဘာလကတည်းက အနားယူနေရသူဖြစ်သည်။

မက်ဆီမကစားနိုင်သည့်အချိန်တွင် ဘာစီလိုနာအသင်းအနေဖြင့် ရုန်းကန်နေရသော်လည်း အင်းနရစ်က မက်ဆီ ၁၀၀ ရာခိုင်နှုန်းအပြည့် ပြန်လည်ကောင်းမွန်မှ အသုံးပြုမည်ဖြစ်ကြောင်း ပြောသည်။

'မက်ဆီပြန်ကောင်းမယ့်ရက်ကို အတိအကျမသိသေးပါဘူး။ အရေးကြီးတာက ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ မက်ဆီပြန်ကစားနိုင်ဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင် သူ့ကို သုံးမှာမဟုတ်ပါဘူး။ ဘောလုံးရာသီက အရှည်ပြီး ကစားရမှာပါ။

အယ်လ်ကလက်စီကိုဒါဘီအကြောင်းကို မတွေးပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ လာလီဂါဆုဖလားကို ရရှိဖို့ပါပဲ။ ရာသီအဆုံးမှာ ဘာစီလိုနာအသင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေနိုင်ဖို့ပဲ အရေးကြီးပါတယ်' ဟု နည်းပြ အင်းနရစ်က ပြောသည်။

ရည်ညွှန်း စကိုင်းစပေါ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly