လက်ရှိအခြေအနေကို မော်ရင်ဟိုပြောင်းလဲနိုင်မည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ ယုံကြည်

လက်ရှိအခြေအနေကို မော်ရင်ဟိုပြောင်းလဲနိုင်မည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ ယုံကြည်

မန်ချက်စတာ၊ အောက်တိုဘာ ၃၁ ။              ။ ရာသီအစဆိုးရွားသည့် ရလဒ်များရရှိနေပြီး ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်အထိ နီးစပ်နေသော်လည်း ချယ်လ်ဆီးနည်းပြမော်ရင်ဟိုအနေဖြင့် ထိုအခြေအနေများကို ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြိုင်ဘက် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်နှင့်ပွဲစဉ်မတိုင်မီအထိ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားခဲ့ရာတွင် ငါးပွဲအထိရှုံးခဲ့ပြီး အဆင့် ၁၆ နေရာသို့ရောက်ရှိနေခဲ့ရသည်။ ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲတွင် စတုခ်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ထိုကဲ့သို့ ဆိုးရွားသောအခြေအနေများနှင့်ရင်ဆိုင်နေရသော်လည်း မော်ရင်ဟိုအနေဖြင့် ထိုအခြေအနေကို ပြောင်းလဲနိုင်လိ့မ်မည်ဟု ပယ်လီဂရီနီက ယုံကြည်နေသည်။

'နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာပဲဖြစ်ဖြစ်၊ ရာသီတစ်ခုခုမှာပဲဖြစ်ဖြစ် ဒီလိုဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါက ပုံမှန်အခြေအနေတစ်ခုပါပဲ။

ဒါကြောင့် ဒီအခြေအနေကို မော်ရင်ဟိုပြောင်းလဲနိုင်ပါလိ့မ်မယ်။ သူက ဒီနှစ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံပါ။ သူဘာလုပ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ သူက အလွန်အရေးပါတဲ့ နည်းပြတစ်ဦးပါ။ သူ့အသင်းကို သူကောင်းကောင်းစီမံနိုင်ပါလိ့မ်မယ်' ဟု ပယ်လီဂရီနီက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly